AA နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးထားသည့် လူငယ် ၁၃ ဦးကို စစ်တွေမြို့နယ်တရားရုံးက ထောင်သုံးနှစ်စီချ

AA နှင့် ဆက်စပ်မှု သံသယဖြင့် ဖမ်းဆီးထားသည့် လူငယ် ၁၃ ဦးကို စစ်တွေမြို့နယ်တရားရုံးက ထောင်သုံးနှစ်စီချ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်မှု သံသဖြင့် ဖမ်းဆီးထားသူ ရခိုင်လူငယ် ၁၃ ဦးကို စစ်တွေမြို့နယ် တရားရုံးက ယနေ့ နေ့လယ်တွင် ထောင် (၃) နှစ်စီ အသီးသီး ချမှတ်လိုက်သည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့နယ် တရားသူကြီး ဦးကျော်ဇံသာက ထိုသို့ စီရင်ချက်ချလိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင် တစ်ဦးက ပြောသည်။

ထောင်ချခံရသူ လူငယ် ၁၃ ဦးမှာ မြင့်ကျော်(ခ) ထွန်းနိုင်၊ ဦးဆန်းမောင်၊ ဇော်လင်းထွန်း(ခ) မောင်သန်းထွန်း၊ ဇော်မင်းထွန်း (ခ) ကုလားချေ၊ စောရန်နိုင်(ခ) ကျော်စိုးမင်း(ခ) အာနိုး၊ ဦးဆန်းမောင် (၂)၊ မောင်ဟန်စိုး၊ ကျော်သိန်းချေ(ခ) လှိုင်သိန်းချေ၊ အောင်ကျော်သိန်း၊ ဇော်မင်းဦး၊ ညိုမောင်(ခ) မောင်ဝင်း(ခ) ဇော်ဝင်းနိုင်၊ အေးကျော်သန်း၊ ဇော်မင်းဌေး၊ ၀င်းအောင်(ခ) ကျန်ချေတို့ ဖြစ်ကြသည်ဟု သိရသည်။

သူတို့အား မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)/ ၁၇ (၂) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...