မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲ စစ်တွေရှိ စာသင်ကျောင်းများတွင် ပြုလုပ်

မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲ စစ်တွေရှိ စာသင်ကျောင်းများတွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲများကို ဇွန်လ ၈ ရက်နေ့က စတင်ပြီး ပြုလုပ်နေကြောင်း သိရသည်။

“ဒီလိုမျိုး ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကတော့ ကျောင်းသားလူငယ်လေးတွကို မူးယစ်ဆေးဝါး အန္တရာယ်တွေကို သိစေချင်တယ်။ နောက်ကလေးငယ်တွေရဲ့ ကိုယ့်ကျင့်တရားနဲ့ စာရိတ္တကောင်းမွန်ရေး နဲ့ စိတ်ဓါတ်ခိုင်မာရေးအတွက် ဒီလိုမျိုးပြုလုပ်ပေးတာဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဟောပြောပွဲများကို စစ်တွေမြို့ဆေးရုံကြီးမှ စိတ်ရောဂါအထူးကုဆရာဝန် ဒေါက်တာအေးချမ်းမောင်မောင် နှင့် ရခိုင်လူငယ်စာရေးဆရာ ကိုဝေဟင်အောင်တို့က ဟောပြောလျက်ရှိသည်ဟု သိရသည်။

“အဓိက ဟောပြောတာတွေကတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဗဟုသုတ ရရှိဖို့ရယ်၊ ကျောင်းသားတွေအနေနဲ့ မူးယစ်ဆေးဝါး မသုံးစွဲမိအောင် ကြိုတင်ထားနိုင်ဖို့၊ လူငယ်တွေအနေနဲ့ မှားပြီးတော့ စမ်းသပ်မသုံးစွဲမိဖို့ဟာတွေကို ဒေါက်တာ အေးချမ်းမောင်မောင်က ဆေးပညာရှုထောင့်ဘက်ကနေ ဟောပြောပြီးတော့ ကျနော်က စာရေးဆရာ ရှုထောင့်ကနေ ဟောပြောပါတယ်”ကို ဝေဟင်အောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

13445537 1019749484807496 3706951510367636128 n

စစ်တွေမြို့မှ ကျောင်းသား မိဘ တစ်ဦးက ယခုကဲ့သို့ စာသင်ကျောင်းများတွင် မူးယစ်ဆေးဝါး ပညာပေး ဟောပြောပွဲများ ပြုလုပ်နေသည်ကို ကြိုဆိုသော်လည်း အဓိက လုပ်ရမည်မှာ အထကကျောင်းများအနီးရှိ ကွမ်းယာဆိုင်အချို့တွင် ရခိုင်ဒေသအခေါ် “ အစိချေ” (ခေါ်) ယာဘား မူးယစ်ဆေးဝါးများ ရောင်းချနေမှုနှင့် စစ်တွေမြို့ရှိ လက်လီ လက်ကား ရောင်းချနေသူများကို ထိရောက်စွာ အရေးယူ ကိုင်တွယ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဟောပြောပြီးစီးခဲ့သောကျောင်းများမှာ ဇွွန်လ ၈ ရက်နေ့က အထက ၁၊ ဇွန်လ ၁၀ ရက်နေ့က အထက ၄၊ ဇွန်လ ၁၃ ရက်နေ့က အထက ၂ နှင့် ဇွန်လ ၁၅ ရက်နေ့က အထက ၃ တို့ဖြစ်ပြီး အထက ၅၊ အထက ၆၊ အထက ရ၊ အထက ၉ နှင့် အလက ၆ တို့တွင်လည်း ဆက်လက်ဟောပြောသွားမည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...