ပလက်ဝ ကင်းသလင်းတွင် AA နှင့် မြန်မာ့အစိုးရစစ်တပ် တိုက်ပွဲ ဖြစ်ဟု Chiland Guardian သတင်းဖော်ပြ

ပလက်ဝ ကင်းသလင်းတွင် AA နှင့် မြန်မာ့အစိုးရစစ်တပ် တိုက်ပွဲ ဖြစ်ဟု Chiland Guardian သတင်းဖော်ပြ
by -
နိရဥ္စရာ
ချင်းပြည်နယ် ပလက်ဝမြို့နယ် ကင်းသလင်းရွာ ( Kintalin) တွင် မြန်မာ့အစိုးရ စစ်တပ်နှင့် AA တပ်ဖွဲ့ဝင်များ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု Chinland Guardian တွင် ဇွန်လ ၁၅ ရက်နေ့ နေ့စွဲဖြင့် သတင်း ဖော်ပြသည်။

ထိုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားရာ ဒေသ အနီးတဝိုက်တွင် လူများ ကြောက်ရွံ့ စိုးရိမ်နေကြသည်ဟု သတင်းတွင် ဖော်ပြသည်။

Peter Lawilu ဆိုသူက Chinland Guardian ကို ပြောသည်မှာ လူများ ကြောက်ရွံ့ စိုးရိမ်မှုဖြစ်နေသည်မှာ လွန်ခဲ့သောနှစ်ကပင် စ၍ ဖြစ်ကြောင်း၊ များမကြာမီက တိုက်ပွဲက လူများကို ပို၍ စိုးရိမ်မှုနှင့် မတည်ငြိမ်မှုကို ဖြစ်စေကြာင်း၊ ယခုကဲ့သို့ အခြေ အနေများ ကို ဖြစ်ပေါ်စေသဖြင့် တိုက်ပွဲကို အမြန်ဆုံး ရပ်တန့်ရန် လိုကြောင်း ပြောကြားသည်ဟု ဆိုသည်။

ဒေသခံများက တိုက်ပွဲသည် ချင်းကျေးရွာတွင် ဖြစ်ပွားသည်မှာ ဟုတ်မှန်သည်ဟု အတည်ပြုကြောင်း၊ ယင်းကျေးရွာမှ ပလက်ဝမြို့မှ မိုင် (၃၀) အကွာအဝေးတွင် ရှိကြောင်း၊ တိုက်ပွဲမှာ မြန်မာ အစိုးရ စစ်တပ်မှ အဆိုပါ ဒေသအတွင်း ကင်းလှည့်ရာမှ ပြန်လာပြီး အနားယူနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်ဟု သတင်းတွင် ဆက်လက် ဖော်ပြသည်။

တိုက်ပွဲတွင် နှစ်ဘက် အထိအခိုက် ရှိကြောင်း၊ သို့သော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ခူမီး မီဒီယာ သတင်းက ဆိုကြောင်း ဆက်လက် ရေးသားသည်။

တိုက်ပွဲအတွင်း ကလေးငယ် တစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့့ပြီး ဒေသအတွင်းက တိုင်းရင်းဆေးဖြင့် ကုသနေရကြောင်း Lawilu က ဆက်လက် ပြောဆိုသည်ဟု ဆိုသည်။

မြန်မာ့ အစိုးရ စစ်သားများ တည်းခိုနေသည်ဟု ယုံကြည်ရသောအိမ်သုံးလုံးအား AA တပ်ဖွဲ့ဝင်များက မီးရှို့သည်ဟု စွပ်စွဲထားကြောင်း၊ သို့သော်လည်း တစ်စုံတစ်ဦးမှ ထိခိုက်မှု မရှိကြောင်း၊ အိမ်သုံးလုံးမှာ လုံးဝပျက်စီးသွာပြီး ပစ္စည်းများလည်း ဆုံးရှုံးသွားကြောင်း၊ အိမ်သားများမှာ ဆွေမျိုးများ၏ အိမ်တွင် တည်းခိုနေထိုင်နေကြောင်း Lawilu ဆိုသူ ဆက်လက် ပြောဆိုသည်ဟု ရေးသားသည်။

ရခိုင်ပြည်နယ်၊ ဘင်္ဂလာဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံ မီဇူရမ် ပြည်နယ်နှင့် ဆက်စပ်သော မြန်မာနိုင်ငံ အနောက်ဘက် တွင် တည်ရှိသော ချင်းပြည်နယ် ၏ တောင်ပိုင်းတွင် လွန်ခဲ့သော နှစ် မတ်လက စပြီး တပ်ဖွဲ့နှစ်ခု အကြား တိုက်ပွဲ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်ဟု ရေးသားသည်။

ယခု တိုက်ပွဲသည် ချင်းပြည်နယ် ၀န်ကြီးချုပ်နှင့် ယင်းပြည်နယ်၏ အစိုးရ ၀န်ကြီးများ ရာပေါင်းများစွာသော စစ်ပြေးရှောင် ဒုက္ခသည်များ (IDPs) များနေထိုင်ရာ Laungtin ရွာကို လာလည်ပြီး ၅ ရက်အကြာတွင် ဖြစ်ပွားသည်ဟု ဖော်ပြသည်။

ဤတိုက်ပွဲ သတင်းနှင့် ပတ်သက်ပြီး မြန်မာ့အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် AA တို့မှ ယနေ့ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း နိရဥ္စရာက စုံစမ်း သိရှိရသည်။

(မှတ်ချက်။ ။ Chinland Guardian မှ ဇွန်လ ၁၅ ရက်နေ့စွဲဖြင့် ရေးသား ဖော်ပြသော “Villagers in renewed fear after new Tatmadaw-AA clash” ကို နိရဥ္စရာမှ ဘာသာပြန်ပါသည်။)

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...