ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာသူများကို လျော်ကြေးပေးရန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာသူများကို လျော်ကြေးပေးရန် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ပျက်စီးသွားသော လယ်မြေများကို ကွင်းဆင်း စစ်ဆေးရန် အဖွဲ့တစ်ခုကို အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ ဇွန်လ ၁၄ ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု သိရသည်။

၎င်းကော်မတီတွင် အဖွဲ့ဝင် ၁၇ ဦး ပါ၀င်ပြီး အစိုးရ ကိုယ်စားလှယ်များ၊ တောင်သူ လယ်သမား ကိုယ်စားလှယ်များ၊ MOGEမှ ကိုယ်စားလှယ်များ၊ တရုတ်ကုမ္ပဏီ CNPC မှ ကိုယ်စားလှယ်များ ပါ၀င်ကြောင်း အမ်းဒေသခံ ဦးမျိုးလွှင်က ပြောသည်။

၎င်းကွင်းဆင်း စစ်ဆေးရေးအဖွဲ့ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးသူမှ အဖွဲ့ခေါင်းဆောင် အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်းအဖွဲ့တွင် တောင်သူ လယ်သမား ကိုယ်စားလှယ် ၁၀ ဦး ပါ၀င်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုက်လိုင်း ဖြတ်သန်းသွားရာ လမ်းတလျောက်တွင် မြေလျော်ကြေးလုံးဝ မရသူများ၊ အပြည့်အဝမရသူများ၊ ပိုက်လိုင်းစီမံကိန်းကြောင့် ယာယီ အသုံးပြုခဲ့သောမြေများ၊ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံးသွားခဲ့သော လယ်၊ယာ၊ ဥယျာဉ်နှင့် နေအိမ်၊ ခြံမြေ၊ သုဿာန်မြေများနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးသွားမည်ဟု သိရသည်။

အမ်းမြို့နယ် ကျောက်မြောင်း အုပ်စု၊ ကျောက်မြောင်းကျေးရွာနေ ဦးမျိုးလွှင် ပါ နှစ်ဦးမှ တောင်သူ လယ်သမားများ ကိုယ်စား ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုက်ကြောင့် တောင်သူများ နစ်နာမှု အပေါ် အမြန် ဖြေရှင်းပေးရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေးသား မေတ္တာရပ်ခံခဲ့ပြီးနောက် ယခုလို ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးရန် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုက်ကြောင့် နစ်နာခဲ့ကြရသည့် တောင်သူလယ်သမားများနှင့် အမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာတို့သည် ဇွန်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် တွေ့ဆုံညှိနိုင်းခဲ့ကြပြီး ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုက်ကြောင့် လယ်မြေများ ပျက်စီး၍နစ်နာသူ တောင်သူ လယ်သမားများကို လျော်ကြေးပေးရန် သဘောတူညီမှု ရထားကြောင်း သိရှိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...