ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နုန်း ၂၁ ဒသမ ၁၉ သာရှိ

ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နုန်း ၂၁ ဒသမ ၁၉ သာရှိ
by -
နိရဥ္စရာ
၂၀၁၆ တက္ကသိုလ် ၀င်တန်း စာမေးပွဲ အောင်စာရင်း ယနေ့ထုတ်ပြန်ရာ ရခိုင်ပြည်နယ်၏ အောင်ချက် ရာခိုင်နုန်းမှာ ၂၁ ဒသမ ၁၉ သာရှိကြောင်း သိရသည်။

ယခုနှစ် အောင်ချက်ရာခိုင်နုန်းမှာ ၂၀၁၅ ခုနှစ်က ထက် နိမ့်ကျသွားခဲ့ပြီး ယမန်နှစ်က အောင်ချက်ရာခိုင်နုန်းမှာ ၂၃ ဒသမ ၁၃ ရှိခဲ့သည်။

ရခိုင်ပြည်နယ် တစ်ခုလုံးတွင် စာမေးပွဲ ဖြေဆိုသူ ကျား ၁၆၇၇၈ ဦးနှင့် မ ၁၈၀၄၄ ဦးရေရှိပြီး ဖြေဆိုသူ စုစုပေါင်းကျောင်းသား/ကျောင်းသူ ဦးရေ ၃၄၈၂၂ ဦးရှိရာ ယင်းအထဲမှ အောင်မြင်သူ ရ၃၈၀ သာရှိကြောင်း သိရသည်။

ယခုနှစ် အောင်ချက်ရာခိုင်နုန်း အမြင့်ဆုံးပြည်နယ်မှာ မွန်ဖြစ်ပြီး ရာခိုင်နုန်း ၃၉ ဒသမ ၃၇ ရှိပြီး အနိမ့်ဆုံးမှာ ချင်းပြည်နယ် ဖြစ်ကာ ၁၄ ဒသမ ၃၆ ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ပညာရေး နိမ့်ကျနေသဖြင့် မြင့်တင်နိုင်ရန်အတွက် ပြည်နယ် အစိုးရနှင့် ပြည်နယ် ပညာရေးဌာနတို့အား အများက တိုက်တွန်း နိုးဆော်နေသော်လည်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နုန်းမှာ တိုးတက်မလာသည့် အပြင် ယခင်နှစ်ကထက် နိမ့်ကျသွားခြင်းမှာ ၀မ်းနည်းဖွယ်ရာ ဖြစ်ကြောင်း အလွတ် ပညာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးက ပြောသည်။

(ရခိုင်ပြည်နယ်မှ ဂုဏ်ထူးရ ကျောင်းသားများ စာရင်းကို များမကြာမီ ထုတ်ပြန်ပေးသွားပါမည်။)

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...