အမ်းတွင် ခရီးသည်တင်ကားတိမ်းမှောက် ၂ ဦး သေဆုံး

အမ်းတွင် ခရီးသည်တင်ကားတိမ်းမှောက် ၂ ဦး သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အမ်းမြို့နယ်တွင် စစ်တွေ- ရန်ကုန် ပြေးဆွဲနေသော ခရီးသည်တင် ဘတ်စ်ကားတစ်စီး ယမန်နေ့က တိမ်းမှောက်ရာမှ ခရီးသည် နှစ်ဦးသေဆုံးသွားကြောင်း သတင်း ရရှိသည်။

အမ်းမြို့နယ်ရဲစခန်းမှ စာရေးကြီး ဦးကျော်စိုးမိုးက “ အမ်းမြို့နယ် ကျောက်စကွဲရွာ အနီးမှာ မေလ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်က တိမ်းမှောက်တာပါ။ စစ်တွေနဲ့ ရန်ကုန်အကြား ပြေးဆွဲနေတဲ့ မင်းထက်သာ ခရီးသည်တင်ကားပါ။  လူ ၂ ဦး သေဆုံးပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

FB IMG 1464667115977သေဆုံးသွားသူနှစ်ဦးမှာ ဒေါ်သူဇာဖြူ အသက် (၇၀)နှစ် (ဘ) ဦးအောင်ကျော်စိန်နှင့် မမျိုးစန်းနွယ် အသက် (၁၄) နှစ် (ဘ) ဦးထွန်းစိန်တို့ ဖြစ်ကြပြီး အမ်းမြို့ လေယာဉ်ကွင်း ရပ်ကွက်က ဖြစ်ကြသည်ဟု သိရသည်။

” ဟုတ်ကဲ့ ကားက  ဘရိတ်ပေါက်ပီး  တိမ်းမှောက်သွားတာပါ။ ခရီးသည်က ၂၀ ဦး ပါပါတယ်။ အများအပြား ဒဏ်ရာ ရပါတယ်” ဟု ရဲ စာရေးကြီး ဦးကျော်စိုးမိုးက ပြောသည်။  

ဆက်လက်ပြီး အမှုစစ် ရဲအုပ် မောင်မောင်နိုင်အား နိရဥ္စရာက ဆက်လက် မေးမြန်းရာ  တိမ်းမှောက်သော ကား အမျိုးအစားမှာ ဟွန်ဒိုင်းအမျိုးအစား 5A/6172 ဖြစ်ကြောင်း၊ ယာဉ်မောင်းမှာ  ကျော်သူရ (ခ) ဟန်ချေ ဖြစ်ကြောင်း၊ စစ်တွေမှ ရန်ကုန်သို့ သွားစဉ် တိမ်းမှောက်ခြင်း ဖြစ်ကြောင်း ပြောသည်။

“ယာဉ်မောင်း ကျော်သူရ(ခ)ဟန်ချေကိုတော့ ကျွန်တော်တို့ ဖမ်းဆီးကာ လူသေမှု၊ မဆင်မခြင် မောင်းနှင်မှု  ယာဉ်(ပ)၇/၂၀၁၆ ပုဒ်မ ၃၀၄က/ ၃၃၇/၃၃၈ နဲ့ အမ်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူထားပါတယ်” ဟု ရဲအုပ် မောင်မောင်နိုင်မှ နိရဥ္စရာသို့ပြောသည်။

အခြားအထိအခိုက်နှင့် ဒဏ်ရာရရှိသူ ၁၈ ဦးကိုတော့ အမ်းမြို့နယ် ပြည်သူဆေးရုံတွင် အတွင်း လူနာအဖြစ် ဆေးကုသမှု ခံယူနေကြရသည်ဟု  သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...