ရန်ကုန်မှ သယ်ဆောင်လာသော လိုင်စင်မဲ့အရက်များ စစ်တွေတွင် ဖမ်းမိ

ရန်ကုန်မှ သယ်ဆောင်လာသော လိုင်စင်မဲ့အရက်များ စစ်တွေတွင် ဖမ်းမိ
by -
နိရဥ္စရာ
ဖမ်းဆီးရမိသည့် လိုင်စင်မဲ့အရက်ဖာများအား တွေ့ရစဉ်။ ဓာတ်ပုံ- နောင်ခိုင်အောင်
ဖမ်းဆီးရမိသည့် လိုင်စင်မဲ့အရက်ဖာများအား တွေ့ရစဉ်။ ဓာတ်ပုံ- နောင်ခိုင်အောင်
ရန်ကုန်မှ စစ်တွေသို့သယ်ဆောင်လာသည့် လိုင်စင်မဲ့အရက်များအား ဖမ်းဆီးရမိခဲ့ကြောင်း စစ်တွေမြို့ အမှတ်(၂)ရဲစခန်းမှ သိရသည်။

ဖမ်းမိသော အရက်များမှာ ARAMY RUM နှင့် DAGON REM တံဆိပ်ပါ အရက်များ ဖြစ်ကြောင်း၊ စုစုပေါင်း အရက်ပုလင်းဖာ ၃ဝဝ ရှိကြောင်း၊ မေလ ၂၅ ရက်နေ့က စစ်တွေအမှတ်(၂)ရဲစခန်းနယ်မြေ အပိုင်ရှိ အုန်းတပင် ဆိပ်ကမ်းတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း နယ်ထိမ်း ဒုရဲအုပ် အောင်တင်ဦးက ပြောသည်။

“ ဒီလိုင်စင်မဲ့အရက်တွေကို ရန်ကုန်ကနေ စစ်တွေကိုု စိန်မင်းသား ကုန်တင်သဘောင်္နဲ့ သယ်ဆောင် လာတာဖြစ်ပါတယ်။ သင်္ဘောပေါ်ကနေ ပစ္စည်းတွေ အတင်အချလုပ်နေစဉ်မှာ ကျနော်တို့ ဖမ်းဆီး လိုက်နိုင်တာပါ”ဟု ပြောသည်။

ပိုင်ရှင်မှာ စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်နေ ဒေါ်ခင်စောမြိုင်ဟု ဒုရဲအုပ်က ပြောသည်။

စစ်တွေတွင် ယခုနှစ်အစပိုင်းမှ မေလအထိ ၅ လအတွင်း အရက်များကို လိုင်စင်မဲ့သယ်ဆောင်သဖြင့် ဖမ်းဆီး အရေးယူမှု ၄ ကြိမ်ရှိပြီး ယင်းအထဲတွင် ယခုအကြိမ်သည် တန်ဖိုးအများဆုံး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုဖမ််းစီးရမိသည့် လိုင်စင်မဲ့ အရက်များ၏တန်ဖိုးမှာ မြန်မာ ကျပ်ငွေ ၄၅ သိန်းခန့် ရှိပြီး လက်ရှိတွင် ပိုင်ရှင်ဖြစ်သူအား ရဲက ယစ်မျိုးခွန်ဥပဒေဖြင့် အရေးယူထားကြောင်းလည်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...