မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းတွင် လူနည်းစုတောင်ပေါ်သားများ အငတ်ဘေးနှင့် ရင်ဆိုင်နေရ

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်းတွင် လူနည်းစုတောင်ပေါ်သားများ အငတ်ဘေးနှင့် ရင်ဆိုင်နေရ
by -
နိရဥ္စရာ
မြန်မာ နယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်ဘက်နိုင်ငံဘက်ခြမ်းတွင် တောင်ပေါ်သား လူနည်းစုများမှာ အစာရေစာ ရှားပါးပြီး အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်ဟု CoxsbazarNews တွင် ဓာတ်ပုံများနှင့် တစ်ကွ သတင်း ဖော်ပြသည်။

၎င်းတောင်ပေါ်သားများမှာ ဘင်္ဂလာဒေ့ရှ် စစ်တကောင်းတောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် တန်းဆိပ်မြို့နယ် အတွင်းရှိ ဝေးလံသော တောင်ပေါ် ဒေသများတွင် နေထိုင်သူများ ဖြစ်ကြပြီး ယခုနှစ် မတ်လစပြီး အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

BBan Pic 1 1

တန်းဆိပ်မြို့နယ်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့နှင့် ဆက်စပ်နေသော ဒေသများ ဖြစ်ကြပြီး ရခိုင်မျိုးနွယ်စုဝင်များ ဖြစ်ကြသည့် မြို၊ မြံု၊ ဒိုင်းနက်၊ သက်နှင့် မာရမာ (ရခိုင်)နှင့် ထရိပူရ လူမျိုးများ နေထိုင် ကြသည်။

အဆိုပါ သတင်းတွင် ဖော်ပြချက်အရ အများစု တောင်ပေါ်ဒေသနေ လူမျိုး အများစုသည် တောင်ယာစိုက်ပျိုးကြပြီး ယခုနှစ် စိုက်ပျိုးရာသီတွင် ဖုံလုံသော စပါးများကို သိုမှီ မစုဆောင်းနိုင်ခဲ့ကြသဖြင့် အစားအစာ ရှားပါး ပြတ်လတ်ကာ ယခုလို အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်ဟု ဆိုသည်။

BBan Pic 3 1

မိသားစု အများစု သည် တစ်နေ့ ထမင်းနှစ်နပ်ကို မစားနိုင်ကြဘဲ တစ်နပ်ကို တောထဲတောင်ထဲမှာ သစ်ဥ သစ်ဖု (မျောက်ဥ) များကို တူးဖော်စားသောက်နေကြရပြီး တချို့သူများ အနေဖြင့် ရွှေဖရုံသီးကို နေ့စဉ် စားသုံးနေကြရသည်ဟု ဆိုသည်။ သို့အတွက် အဟာရ မပြည့်ဝဘဲ ဖြစ်ကာ ကျန်းမာရေး ချို့တဲ့ နေကြသည်ဟု သိရသည်။

ဘင်္ဂလာဒေ့ရှ် အစိုးရမှ အိမ်ထောင်စု ၈၀၀ အတွက် ဆန် (၁၆) တန် များမကြာမီက ထောက်ပံ့ပေးခဲ့ကြောင်း၊ သို့သော်လည်း လုံလောက်မှု မရှိကြောင်း သတင်းတွင် ဖော်ပြသည်။

မိုးမရောက်မီကပင် အငတ်ဘေးကျရောက်နေသဖြင့် မိုးရာသီ ရောက်လာပါက အခြေအနေမှာ ယခုထက် ပိုမို ဆိုးရွားနိုင်ကြောင်း သတင်း ရရှိသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...