ငစရိုင်းကိုင်းသို့ စစ်ပြေးရှောင်များ ထပ်မံ ရောက်ရှိ

ငစရိုင်းကိုင်းသို့ စစ်ပြေးရှောင်များ ထပ်မံ ရောက်ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်  ငစရိုင်းကိုင်း ကျေးရွာသို့ စစ်ပြေးရှောင်များ ထပ်မံ ရောက်ရှိလာသည်ဟု သတင်းရရှိသည်။

စစ်ပြေးရှောင် ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးလှမောင်သိန်းက “ မနေ့ ညနေ ခြောက်နာရီခွဲမှာ အမျိုးသား အမျိုးသမီး စုစုပေါင်း ၁၇ ဦးထပ်မံ ရောက်ရှိလာပါတယ်။ သူတို့က လိပ်ဖားရွာက ဖြစ်ပါတယ်” ဟု ပြောသည်။

ယမန်နေ့က ထပ်မံ ရောက်ရှိလာသူ ၁၇ ဦးထဲတွင် အမျိုးသား ရ ဦးနှင့် အမျိုးသမီး ၁၀ ဦးဖြစ်ကြောင်း သိရသည်။

အလားတူ လွန်ခဲ့သော အပတ်ကလည်း ကင်းပိ ကျေးရွာမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၃၆ ဦးရောက်ရှိလာပြီး မီးကျောင်းခုတ်ကျေးရွာကလည်းအမျိုးသား ရ ဦး၊ အမျိုးသမီး ၆ ဦး၊ စုစုပေါင်း ၁၃ ဦး ရောက်ရှိလာခဲ့သည်ဟု ပြောသည်။  

“ သူတို့ထွက်ပြေးလာတာက ဟိုမှာ စစ်ကြောင်းတွေရှိနေတယ်။ လုပ်ကိုင်စားသောက်ဖို့ ကျပ်တည်းလာတယ်။ ဒီလို အခြေအနေတွေကြောင့် သူတို့ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

ယခုလက်ရှိ ငစရိုင်းကိုင်းတွင် စစ်ပြေးရှောင် ဒုက္ခသည် စုစုပေါင်းမှာ ၁၇၁ ယောက်ရှိပြီး စားရေး သောက်ရေး အဆင်ပြေသော်လည်း မိုးစရွာနေပြီ ဖြစ်သဖြင့် နေထိုင်ရန် အိမ်များမရှိ၍ အထူးအခက်အခဲ ဖြစ်နေသည်ဟု သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...