ပြည်တွင်းစစ်ရပ်စဲရေး တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ဆက်လက်ဆန္ဒပြတောင်းဆို

ပြည်တွင်းစစ်ရပ်စဲရေး တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ဆက်လက်ဆန္ဒပြတောင်းဆို
by -
နိရဥ္စရာ
ပြည်တွင်းစစ်ရပ်စဲရေး အတွက် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများက ဂျပန်နိုင်ငံ  တိုကျိုမြို့ရှိ မြန်မာ့သံရုံးရှေ့တွင် မတ်လ ၁၇ ရက် ဂျပန်စံတော်ချိန် နေ့လယ် ၂ နာရီက  ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

jp“ရခိုင်ပြည်နယ်နဲ့ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ် ရပ်တန့်ရေးအတွက် အဓိကထားပြီး တောင်းဆိုဆန္ဒပြတာပါ။  တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်နေမှုတွေကိုလည်း ချက်ချင်း ရပ်တန့်စေချင်ပါတယ်။ ဒီမိုကရေစီအစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တန်းတူ အခွင့်အရေးပေးပြီး စားပွဲဝိုင်းပေါ်မှာ ဆွေးနွေး အဖြေရှာစေချင်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုသော်ဇင်ဖြိုးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

jp 2တိုင်းရင်းသားများတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား နက်လက်ကိုင် အဖွဲ့များ အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဖိတ်ခေါ်ပါရန် အကြံပြု အိတ်ဖွင့်ပေးစာတစ်စောင်ကို မြန်မာသံရုံးသို့ ပေးပို့ခဲ့သော်လည်း သံရုံးမှ အကြိမ်ကြိမ်ငြင်းပယ်လိုက်ကြောင်း သူကဆက်ဆိုသည်။

အိတ်ဖွင့်ပေးစာတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ လိပ်မူထားကြောင်း သိရသည်။

ရခိုင်စစ်ပွဲရပ်တန့်ရေးအတွက် ဆန္ဒဖော်ထုတ်ပွဲများ ရခိုင်ပြည်နယ် မြို့အများအပြားတွင် ပေါ်ပေါက်ခဲ့ပြီး အမ်းမြို့တွင် မတ်လ  ၁၆ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...