သဘာဝဘေးအန္တရာယ် ကင်းဝေးရန် ရခိုင်တစ်ပြည်နယ်လုံး ဥပ္ပါတသန္တိကျမ်း ရွက်ဖတ် ပူဇော်ပွဲပြုလုပ်

သဘာဝဘေးအန္တရာယ် ကင်းဝေးရန် ရခိုင်တစ်ပြည်နယ်လုံး ဥပ္ပါတသန္တိကျမ်း ရွက်ဖတ် ပူဇော်ပွဲပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် အန္တရာယ််ကင်းဘေးရှင်းစေရန်ရည်ရွယ်ပြီး မေလ ၁၅ ရက်နေ့မှ စတင်ကာ ဥပ္ပါတ သန္တိကျမ်း ရွက်ဖတ် ပူဇော်ပွဲကို ရခိုင် ပြည်နယ် မြို့နယ်စုံ (၁၈) ဌာနတွင်ပြုလုပ် ကျင်းပနေကြောင်း သိရသည်။

“ဦးဇင်းတို့က ရခိုင်ပြည်ကြီးနဲ့ ရခိုင်သူရခိုင်သားများ ဘေးဒုက္ခအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်ပြီး ခုလို ရွက်ဖတ် ပူဇော်ဖြစ်တာပါ။ ဒီနှစ်ကတော့ ကျောက်တော် မဟာမြတ်မုနိ ကုန်းတော်အပါအဝင် ၁၇ မြို့နယ်စုံ (၁၈) ဌာန ပြုလုပ်နေတာဖြစ်ပါတယ်” ဟု ဦးဆောင်ကျင်းပသည့် ရန်ကုန် သံဃနိကာယမှ ဒု အတွင်းရေးမှူး ဆရာတော် ဦးမာဃိန္ဒမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။IMG 20160516 075740

ရန်ကုန် ရခိုင်သံဃနိယာက အသင်းအနေဖြင့် မြို့နယ်တစ်ခုကို ငွေ ၁ သိန်းစီထောက်ပံ့ကူညီပေးပြီး ဦးစီး လုပ်ဆောင်နေကြောင်း၊ ယမန်နှစ်က ရခိုင်ပြည်နယ် ဝတီလေးခုနှင့် ကျောက်တော် မဟာမြတ်မုနိ ကုန်းတော် အပါအဝင် ၅ ဌာနတွင်သာလုပ်ဆောင်နိုင်ခဲ့ကြောင်း သံတွဲခရိုင်တွင်းဦးစီး လုပ်ဆောင်နေသော ရန်ကုန် ရခိုင်သံဃနိယာက ဒုအတွင်းရေးမှူး ဆရာတော်မှ မိန့်ကြားသည်။

IMG 20160516 084450

စစ်တွေမြို့တွင် ဦးစီးကျင်းပနေသော ရန်ကုန် ရခိုင်သံဃနိကာယမှ ဗဟိုအလုပ်အမှုဆောင် ဆရာတော် ဦးဝိရိယမှလည်း“ဦးဇင်းတို့က ရခိုင်ပြည်ကြီးဘေးအန္တရာယ်ကင်းရှင်းဖို့ရည် ရွယ်ပါတယ်။ ဟိုအရင်ဘုရား လက်ထက်တော်ကလည်း ကပ်ဘေး ဆိုက်ရောက်တဲ့ အတွက် ဥပ္ပါဒသန္တိကျမ်းကို ရွက်ဖတ် ပူဇော်ပြီး ငြိမ်းချမ်း စေခဲ့တဲ့ သာဓကတွေ အများကြီးရှိပါတယ်။ ဒီနှစ်မှာဆိုရင် ရခိုင်နယ်လုံးမှာ ပြုလုပ်ကျင်းပတာဖြစ်ပါတယ်။ ၃ ရက်တိတိ ကျင်းပသွားမှာဖြစ်ပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းပရိတ်-ပဌာန်း ဥပ္ပါတ သန္တိကျမ်း ရွတ်ဖတ် ပူဇော်ပွဲကို ရခိုင်ပြည်နယ်လုံး တွင် မေလ ၁၅ ရက်နေ့ နံနက် ၉ နာရီမှစတင်ခဲ့ပြီး  ၁၇ ရက် နေ့ နံနက် ၉ နာရီတွင် ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...