ရခိုင်တက္ကသိုလ် ကျောင်းသားများ၏ စစ်ဘေးရှောင်ကလေးငယ်များ ပညာရေးအတွက်လှုပ်ရှားမူ ရန်ကုန်တွင် စတင်

ရခိုင်တက္ကသိုလ် ကျောင်းသားများ၏ စစ်ဘေးရှောင်ကလေးငယ်များ ပညာရေးအတွက်လှုပ်ရှားမူ ရန်ကုန်တွင် စတင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် ကလေးငယ်များ ပညာဆက်လက်သင်ယူနိုင်ရန် အဓိက ရည်ရွယ်ပြီး ပြုလုပ်သည့် ပညာရေး ထောက်ပံ့ကူညီပေးရေး  လှုပ်ရှားမှုကို မေလ ၁၂ ရက် က ရန်ကုန်မြို့တော် ခန်းမ ရှေ့တွင် ရခိုင်ကျောင်းသားများသမဂ္ဂ ဒဂုံတက္ကသိုလ်က ဦးဆောင် ပြုလုပ်ခဲ့သည်။

” ကျွန်တော်တို့ ရခိုင်ပြည်က စစ်ဘေးရှောင်ကလေးတွေဟာ နေရာဒေသ ရွှေ့ပြောင်းလာရတော့ ဆက်လက် ပညာ သင်ယူနိုင်ဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ကလေးငယ်တွေပညာရေး ဆက်လက် သင်ယူနိုင်ဖို့ အတွက်  အထောက်အကူဖြစ်အောင် ဒီရန်ပုံငွေ ရရှိရေး လူပ်ရှားမှုကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ အလှူရှင်တွေ အနေနဲ့လည်း တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ်”ဟု ရခိုင်ကျောင်းသားများသမဂ္ဂ ဒဂုံ တက္ကသိုလ် ဥက္ကဋ္ဌ ကိုစိုးမင်းထွန်းက နိရဥ္စရာ သတင်းဌာနသို ့ ပြောသည်။

မြို့တော် ခန်းမရှေ့တွင် ညနေ ၄ နာရီကျော် အချိန်က ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

DSC 0920

ရခိုင်ကျောင်းသားများသမဂ္ဂများဖြစ်မြောက်ရေး အကြံပေး ကိုရဲမင်းဦက ” စစ်ပွဲတွေ ရပ်စဲဖို့ တိုင်းရင်းသား ပြည်သူတွေ ပါဝင်လာဖို့ ဒီကနေ့ ခြေလှမ်းစတာပါ။နောက်နေ့တွေမှာ  ကျွန်တော်တို့ အလှူခံ ထွက်ပါမယ်။ စစ်ဘေးသင့်နေတဲ့ ကလေးတွေ ပညာရေးအတွက် ရအောင် ဆောင်ရွက်ပါမယ်။ပြည်တွင်းမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ မလုံလောက်ပါဘူး။ နိုင်ငံတကာနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ကူညီ ဆောင်ရွက် ပေးဖို့ တိုက်တွန်း နိုးဆော်သွာမှာဖြစ်ပါတယ်။” ဟု ဆိုသည်။

ကလေးငယ်များ၏ ပညာရေးကို အစိုးရတစ်ခုတည်းဖြင့် ဖြေရှင်း၍ မရဟု သူက ဆက်လက် ပြောဆိုသည်။

“ခုကျောင်းဖွင့်မယ့် ရာသီမှာ စစ်ဘေးရှောင် ကလေးငယ်တွေအတွက် ကျောင်းသုံးပစ္စည်းတွေ ဘာမှ မရှိပါဘူး။ ဒီကိစ္စကိုတော့ အစိုးရ တစ်ခုတည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ကျွန်တော်တို့အားလုံး ဝိုင်းဝန်း ဖြေရှင်း ရမယ့် ကိစ္စဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်တယ်ဆိုတာဟာလည်း စစ်မက်ကို လိုလားသူတွေရှိနေလို့ ဖြစ်နေတာပါ။ အဓိက တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်နေတယ်ဆိုတာ တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှံုးနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီလှုပ်ရှားမှုတွေကို ဆက်လက်လှုပ်ရှားသွားဖို့ ရှိပါတယ်” ဟု သူက ဆက်ဆိုသည်။

IMG 0669

ပညာရေး အတွက် လူပ်ရှားခဲ့ကြသည့် ကျောင်းသား ကျောင်းသူများသည် “စစ်ဘေးဒုက္ခသည် ကလေးငယ်များပညာရေး ထောက်ပ့ံကူညီပေး”လှုပ်ရှားမှုကို ရခိုင်ကျောင်းသားများသမဂ္ဂ မှ ကျောင်းသူကျောင်းသား ၁၀ ကျော်က” Stop War ” ” ပြည်တွင်းငြိမ်းချမ်းရေး တိုင်းရင်းသားအားလုံးပါဝင်ပေး” “စစ်ဘေးဒုက္ခသည် ကလေးငယ်များပညာရေး ထောက်ပံ့ကူညီပေး” စသည့် စာရွက်များ ကိုင်ဆောင်ကာ လှုပ်ရှားခဲ့ကြခြင်းဖြစ်သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...