၎င်းထောက်ခံပွဲသို့ လူဦးရေ ၅၀၀ ကျော်ခန့် ပူးပေါင်း ပါ၀င်ခဲ့ကြသည်ဟု ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုစိုးသူရက ပြောသည်။
”ကျွန်တော်တို့ ရခိုင်ပြည်နယ်အတိုင်းအတာရ ANP ပါတီဟာ အနိုင်ရပါတီတစ်ခု ဖြစ်ပါလျက်နဲ့ ဘာကြောင့် ပြည်နယ် အစိုးရဖွဲ့ခွင့် မရတာလဲ၊ ပြည်သူတွေရဲ့ ဆန္ဒကိုအလေးထားဖို့ ရခိုင်လူထုရဲ့ ဆန္ဒမပါဘဲ အာဏာရှင် သဘော လုပ်ဆောင်နေတာကိုမကြိုက်လို့ ဆန္ဒထုတ်ဖော်ရတာပါ၊ ပြည်နယ် ၀န်ကြီးချုပ်ဦးညီးပုကို ကန်ကွက်စရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီဆိုပြီး တစ်ပါတီ စနစ်ဆန်ဆန် သွားနေတဲ့မူကို မကြိုက်တာပါ” ဟု နိရဥ္စရာသို့ ပြောသည်။
ANP ပါတီရဲ့ ၁/၂၀၁၆၊ ၂/၂၀၁၆ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးမြင့်ဌေးမှရှင်းလင်းဟောပြော ခဲ့ကြောင်းသိရသည်။

”ကျွန်တော်တို့က တစ်ပါတီစနစ်၊အာဏာရှင်စနစ်ကို အလိုမရှိဘူး။ အများဆုံးနိုင်ရင်လည်း ဘာမှ မဖြစ်လာဘူး။ ခုဟာက အာဏာရသူက ကြိုက်သလိုလုပ် ဆိုသလိုဖြစ်နေတယ်။ ဒါတွေက လုံးဝ မဖြစ်သင့်တော့ဘူး။ ဒီမိုကရေစီဆိုတာ တစ်ပါတီ စနစ်၊ အာဏာရှင်စနစ်နဲ့ ကြိုက်သလိုလုပ်တာ မဟုတ်ပါဘူး” ဟု ဆန္ဒပြပွဲလိုက်ပါခဲ့သူ ကိုမောင်ချေ နိရဥ္စရာသို့ ပြောသည်။







