တောင်ကုတ်မြို့တွင် ANP ပါတီထောက်ခံကြောင်း ဆန္ဒဖော်ထုတ်

တောင်ကုတ်မြို့တွင် ANP ပါတီထောက်ခံကြောင်း ဆန္ဒဖော်ထုတ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ANP ၏ ၁/၂၀၁၆ နှင့် ၂/၂၀၁၆ တို့ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ် ပွဲကို ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည်။

၎င်းထောက်ခံပွဲသို့ လူဦးရေ ၅၀၀ ကျော်ခန့် ပူးပေါင်း ပါ၀င်ခဲ့ကြသည်ဟု ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုစိုးသူရက ပြောသည်။

”ကျွန်တော်တို့ ရခိုင်ပြည်နယ်အတိုင်းအတာရ ANP ပါတီဟာ အနိုင်ရပါတီတစ်ခု ဖြစ်ပါလျက်နဲ့ ဘာကြောင့် ပြည်နယ် အစိုးရဖွဲ့ခွင့် မရတာလဲ၊ ပြည်သူတွေရဲ့ ဆန္ဒကိုအလေးထားဖို့ ရခိုင်လူထုရဲ့ ဆန္ဒမပါဘဲ အာဏာရှင် သဘော လုပ်ဆောင်နေတာကိုမကြိုက်လို့ ဆန္ဒထုတ်ဖော်ရတာပါ၊ ပြည်နယ် ၀န်ကြီးချုပ်ဦးညီးပုကို ကန်ကွက်စရာ အကြောင်းမရှိပါဘူး။ ဒီမိုကရေစီဆိုပြီး တစ်ပါတီ စနစ်ဆန်ဆန် သွားနေတဲ့မူကို မကြိုက်တာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ANP ပါတီရဲ့ ၁/၂၀၁၆၊ ၂/၂၀၁၆ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဦးမြင့်ဌေးမှရှင်းလင်းဟောပြော ခဲ့ကြောင်းသိရသည်။

taungup 22

”ကျွန်တော်တို့က တစ်ပါတီစနစ်၊အာဏာရှင်စနစ်ကို အလိုမရှိဘူး။ အများဆုံးနိုင်ရင်လည်း ဘာမှ မဖြစ်လာဘူး။ ခုဟာက အာဏာရသူက ကြိုက်သလိုလုပ် ဆိုသလိုဖြစ်နေတယ်။ ဒါတွေက လုံးဝ မဖြစ်သင့်တော့ဘူး။ ဒီမိုကရေစီဆိုတာ တစ်ပါတီ စနစ်၊ အာဏာရှင်စနစ်နဲ့ ကြိုက်သလိုလုပ်တာ မဟုတ်ပါဘူး” ဟု ဆန္ဒပြပွဲလိုက်ပါခဲ့သူ ကိုမောင်ချေ နိရဥ္စရာသို့ ပြောသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...