လူငယ်များက ဦးဆောင်၍ ကျောက်တော်မြိို့နယ်လုံးကျွတ် လူထုစကားဝိုင်းကျင်းပ

လူငယ်များက ဦးဆောင်၍ ကျောက်တော်မြိို့နယ်လုံးကျွတ် လူထုစကားဝိုင်းကျင်းပ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လူငယ်များ ဦးဆောင်ပြီး မြို့နယ်လုံးကျွတ် လူထုစကားဝိုင်း တစ်ခုကို ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

၎င်းလူထု စကားပိုင်းကို ကျောက်တော်မြို့ သာသနာ့ဗိမာန်တွင် ဧပြီ ၂ရက်နေ့မှ စတင်ပြီး ဧပြီ ၃ ရက်နေ့ထိ (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကျေးရွာတစ်ရွာမှ ကိုယ်စားလှယ်(၂)ဦးကျစီ ဖိတ်ကြားပြီး စုစုပေါင်း လူထု ကိုယ်စားလှယ် (၁၀၀) ဦး ခန့်တက်ရောက်ကြောင်း  လူထုစကားဝိုင်းဖြစ်မြောက်ရေး အတွင်းရေးမှူး မြတ်သူရဦးက ပြောသည်။

“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ ဒေသအတွင်းမှာ  လူတစ်ဦးချင်း၊တစ်ယောက်ချင်း ခံစားနေရတဲ့ အခက်အခဲတွေ၊ ကျေးရွာအုပ်စုအတွင်းမှာ ခံစားနေရတဲ့အခက်အခဲတွေကို လူထုဘုံသဘောထားတစ်ခု ထွက်ပေါ် လာဖို့အထိ   ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်ပါတယ်။ပြီးတော့ လူထုအသံကနေ ထွက်ပေါ်လာတဲ့ အရာကို စောင့်ကြည့် ရပါမယ်။ ကျွန်တော်တို့က လမ်းကြောင်း ချပြပြီးတော့ လုပ်ဆောင်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး” ဟု သူ့အမြင်နှင့် ပတ်သက်ပြီး ပြောသည်။

လူထုစကားဝိုင်းတွင် (၁) ဒေသတွင်း ကြံုတွေ့နေရသည့် အခက်အခဲ၊အဟန့်အတားများကို ဆွေးနွေး ဖော်ထုတ် သွားနိုင်ရန် (၂) ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် အခက်အခဲ၊အဟန့်အတားများကို တာဝန်ယူ ဆောင်ရွက် ပေးနိုင်မည့် သက်ဆိုင်ရာအသီးသီးသို့ အစီရင်ခံတင်ပြသွားနိုင်ရန် (၃) Social Capital Power ကို တည်ဆောက်လာနိုင်စေရန် နှင့် လူထုပူပေါင်းဆောင်ရွက်မှုအားဖြင့် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို တည်ဆောင်သွားနိုင်စေရန် တို့ဖော်ပြပါရှိသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...