ယနေ့ နံနက်က ရခိုင်အမျိုးသား ၁၂ ဦးကို ကျောက်တော်မြို့နယ် တရားရုံးသို့ ရုံးထုတ်လာခဲ့ပြီး သူတို့က ရက္ခိုင့်တပ်မတော်က ဖြစ်ကြောင်း ၀န်ခံသည်ဟု ဆိုကာ တရားသူကြီးက ထောင်ဒဏ် အသီးသီး ချမှတ် လိုက်သည်ဟု စစ်ဘေးရှောင်ပြည်သူများအရေးကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ကိုကျော်လှမြင့်က နိရဥ္စရာ သတင်းဌာနသို ့အတည်ပြု ပြောကြားသည်။
“AA တပ်ဖွဲ ့ဝင်ဖြစ်ကြောင်း ဝန်ခံတဲ့ အတွက် အမိန် ့ချမှတ်လိုက်တာလို ့သိရပါတယ်။သူတို ့ဟာ ဖမ်းဆီး ခံထားရတာ မကြာသေးပေမယ့် ရက္ခိုင့်တပ်မတော်က ဖြစ်တယ်လို့ ဝန်ခံတာကြောင်းမို့လို့ ခုလို ထောင်ချလိုက်တာ ဖြစ်တာ်လို့ သိရပါတယ်” ဟု သူက ဆိုသည်။
ထောင်ချခံရသူ ၁၂ ဦးထဲမှ ၃ ဦးကို ၅ နှစ်၊ ကျန် ၉ ဦးကို သုံးနှစ်စီ အသီးသီး ချမှတ်လိုက်ခြင်း ဖြစ်သည်။
မတရားအသင်းဆက်သွယ်မှု ၁၇ (၂) ဖြင့် ထောင် (၅) နှစ် ချမှတ်ခံရသူ သုံးဦးမှာ
ဒုတပ်ကြပ် အဆင့်ရှိ ကိုထွန်းနိုင်(ဘ) ဦးမောင်သောင်းမြ တင်းမကြီး ကျေးရွာ၊ ကျောက်တော်မြို ့နယ်။ တပ်ကြပ်အဆင့်ရှိ ကိုရွှေသိန်း (ခ) အသိန်းချေ (ဘ) ဦးစံရွှေသိန်း မြောင်ချောင်း ကျေးရွာ၊ မင်းပြားမြို ့နယ်။ တပ်ကြပ်အဆင့်ရှိ ကိုဇော်နိုင်ဦး(ဘ) ဦးထွန်းဝင်းဦး လိပ်ထောင့် ကျေးရွာ ရသေ့တောင်မြို ့နယ် တို ့ဖြစ်ကြသည်။
ထောင် (၃) နှစ်စီ ချမျတ်ခံရသူ ကိုးဦးမှာ
ကိုမောင်ကြီး (ဘ) ဦးအောင်သန်း၊ သဲတက်ကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်။
ကိုမောင်ဝင်း (ဘ ) ဦးမောင်သာစိန်၊ ဒီပါရုံကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်။
ကိုစိုးမြင့်သန်း (ဘ )ဦးမောင်ခင်ညွန့်၊ ညောင်ပင်ကြီးကျေးရွာ၊ ရသေ့တောင်မြို့နယ်။
ကိုကိုလင်း (ဘ) ဦးမောင်ရွှေသန်း၊ ပြိုင်းချောင်းကျေးရွာ၊ ကျောက်တော်မြို့နယ်။
ကိုဇော်နိုင်သန်း (ဘ) ဦးမောင်ထွန်းလှိုင်၊ ဖြူချောင်းကျေးရွာ၊ ရသေ့တောင်မြို့နယ်။
ကိုစံရွှေမောင် (ဘ) ဦးထွန်းစိန်၊ ပေါက်တောပြင်ကျေးရွာ၊ မြောက်ဦးမြို ့နယ်။
ကိုထွန်းဝင်းလှိုင် (ဘ) ဦးထွန်းဝင်းဦး၊ စွန်ရဲကျေးရွာ၊ မင်းပြားမြို့နယ်။
ကိုအောင်ခင်ဝင်း (ဘ )ဦးဦးစိန်လှ၊ ရစိုးချောင်းကျေးရွာ၊ ရသေ့တောင်မြို့နယ်နှင့်
ကိုအောင်ဝင်းဌေး (ဘ )ဦးင/မဲချေ၊ ကျားနှင်းကန် ကျေးရွာ ကျောက်တော်မြို့နယ် တို ့ ဖြစ်ကြသည်။
သူတို့ ၉ ဦးအား မတရား အသင်းများ အက်ဥပဒေ ၁၇ (၁)အရ ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှလိုက်ကြောင်းသိရသည်။
ယခုထောင်ဒဏ်ချမှတ်ခံထားရသူများသည် ၂၀၁၆ ဖေဖော်ဝါရီလ အတွင်း က စစ်တပ်မှ ကျောက်တော် ရဲစခန်းကို ပို့ဆောင်တရားစွဲဆိုခံရသူများဖြစ်ကြသည်။
ထို ့အပြင် အေအေနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ တချို ့ကိုလည်း ယနေ့တွင် ရုံးထုတ် စစ်ဆေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့်ဆက်သွယ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ၅၀ ကျော်ခန် ့ ရှိကြောင်း ထို ့သူတို ့မှာ ဘူးသီးတောင် စစ်တွေ တောင်ကုတ် ကျောက်ဖြူ ရမ်းဗြဲ နှင့် ကျောက်တော် တို ့တွင်ဖြစ်ပြီး ကျောက်တော်တွင် အများဆုံးဖြစ်ကြောင်းသိရသည်။







