မြောက်ဦးတွင် လူတစ်ဦး ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံး

မြောက်ဦးတွင် လူတစ်ဦး ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေ အရပ်တွင် အသက်(၄၀) အရွယ် လူတစ်ဦးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသူမှာ ဦးထွန်းထွန်းမြင့် (၄၁ နှစ်) (ဘ) ဦးအောင်ကျော်ထွန်း၏ သားဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

Mrauk U1“ ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဓာတ်ဆီ တစ်လီတာကို ခန္ဓာကိုယ်ပေါ်မှာ သွန်ပြီး မီးရှို့ သေဆုံးသွားပါတယ်။ သတင်းအရ လိုက်သွားတော့ ၁၂ နာရီ ၄၅ မိနစ်မှာ ရောက်တယ်။ သေနေပါပြီ။ အလောင်းကိုတော့ ခရိုင်ဆေးရုံကို ပို့လိုက်ပါပြီ” ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်သွားချိန်တွင် သေဆုံးနေပြီ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာမှာ ကျောက်ရစ်ကေ ကျေးရွာ သူ့ဖခင် ဦးအောင်ကျော်ထွန်းနေအိမ်ရှေ့တွင် ဖြစ်ကြောင်း၊ သေဆုံးသူမှာ အရက်မူးနေသည်ဟု သိရှိရကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

မျက်မြင်များ၏ အပြောအရ ဓာတ်ဆီ ခန္ဓာကိုယ်ပေါ်သို့ လောင်းချိန်တွင် အပေါ်ပိုင်း ခန္ဓာကိုယ်တွင် အကျႋမရှိဘဲ လုံချည်ကို ၀တ်ထားကြောင်း၊ အရက်လည်း မူးနေကြောင်း၊ တစ်လီတာခန့်ရှိသော ဓာတ်ဆီကို ခန္ဓာကိုယ်ပေါ် သွန်ကာ မီးရှို့ သေဆုံးသွားခဲ့ကြောင်း ပြောဆိုသည်။

မိသားစုများမှ ဦးထွန်းထွန်းငြိမ်းသည် အရက်မူးလျင် စိတ်ဖောက်ပြန်တတ်ကြောင်း၊ သေမှုသေခင်း အရ အမှုအမှတ် ၄/ ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...