အေအေအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၈ ဦးကို ကျောက်တော်တွင် ရုံးထုတ်

အေအေအဖြစ် စွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၈ ဦးကို ကျောက်တော်တွင် ရုံးထုတ်
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (အေအေ) နှင့် ပတ်သက်ဆက်နွယ်သူများဟု ဆိုကာ စွပ်စွဲ ဖမ်းဆီးခံထားရသူ ရခိုင် အမျိုးသား ၂၈ ဦးကို  ကျောက်တော် မြို့နယ် တရားရုံးတွင် ယနေ ့ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း ကျောက်တော်မြို့နယ် တရားရုံး၏ တာဝန်ရှိသူတစ်ဦးက နိရဥ္စရာသတင်းဌာနသို ့ အတည်ပြု ပြောကြားသည်။

FB IMG 1458879413232“အေအေ နဲ ့ပတ်သက်ဆက်နွယ်နေလို ့ အဖမ်းခံထားရတဲ့သူတွေထဲက ၂၈ ယောက်ကို ရုံးထုတ် တာပါ။ သူတို့ကို ဒီကနေ့ စစ်ဆေးပါတယ်။ တစ်ကြိမ်တည်း အဖမ်းခံထားရတာ မဟုတ်တဲ့အပြင် ပုဒ်မတွေကလည်း မတူတာတွေရှိတဲ့ အတွက် တစ်ဦးချင်း နာမည်နဲ ့ပုဒ်မတွေကိုတော ့ အသေးစိတ်မပြောပြနိုင်ပါဘူး” ဟု အမှုလိုက် ရှေ့နေ့ အမျိုးသမီးက ပြောသည်။

ဖမ်းဆီးခံထားရသူအားလုံးအား မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) /( ၂) တို့ အပါအဝင်  တခြား ပုဒ်မများဖြင့် တရား စွဲဆိုထားကြောင်း  သူမက ပြောဆိုသည်။

ယနေ ့တရားစွဲတင်သည့် ၂၈ ဦးအထဲတွင် ၂၀၁၅ ခုနှစ်က ဖမ်းဆီး ထိန်းသိမ်းခံထားရသူ ၁၆ ဦးပါဝင်ပြီး  ၂၀၁၆ ခုနှစ်အတွင်း ဖမ်းဆီးခံထားရသူ ၁၂ ဦး ပါဝင်ကြောင်း သိရသည်။ အေအေနှင့် ဆက်နွယ်မှု သံသယဖြင့် ဖမ်းဆီးခံထားရသူ ကျောက်တော် ရဲစခန်းတွင် စုစုပေါင်း ၃၆ ဦးရှိကြောင်း သိရသည်။

လွန်ခဲ့သော မတ်လ ၁၆ ရက်နေ့က အေအေ နှင့် ဆက်နွယ်မှုဖြင့် လူ ၂ ဦးအား ကျောက်တော်မြို့နယ် တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။ ယင်း ထောင်ချမှု အပေါ် မြောက်ဦးခရိုင်တရားရုံးတွင် အယူခံဝင်ရန်ပြင်ဆင်နေကြောင်း ထိုအမှုကို လိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့ နေ ကိုထွန်းလှက နိရဥ္စရာသို ့ ပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာ့ အစိုးရ တပ်မတော်တို ့ကြား ၂၀၁၅ ခုနှစ် ဧပြီလမှ စတင်ကာ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ ယင်းနောက်ပိုင်းအချိန်ကာလမှ စတင်ပြီး  ရခိုင်ပြည်နယ် အတွင်း အေအေနှင့် ဆက်နွယ်မှု သံသယဖြင့် လူအများ အပြား ဖမ်းဆီးခံခဲ့ရသည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...