သမ္မတနှင့် ဒုသမ္မတနှစ်ဦးသို့ ရခိုင်အမျိုးသားပါတီမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

သမ္မတနှင့် ဒုသမ္မတနှစ်ဦးသို့ ရခိုင်အမျိုးသားပါတီမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီ (Arakan National Party) မှ သမ္မတ၊ ဒုသမ္မတ(၁)နှင့် ဒုသမ္မတ (၂) အဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခံခဲ့ရသော ဦးထင်ကျော်၊ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့ထံသို့ မတ်လ ၁၇ ရက်နေ့က ဂုဏ်ယူ ၀မ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပိုခဲ့သည်ဟု သတင်း ရရှိသည်။

သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးထင်ကျော်ထံသို့ ရေးသား ပေးပို့သော သဝဏ်လွှာတွင် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ၁၅-၃-၂၀၁၆ ရက်တွင်ကျင်းပပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထင်ကျော်အား နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် အတွက် ရခိုင်အမျိုးသားပါတီက လှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်ဟု ပါရှိသည်။

ဒုသမ္မတ (၁) ဦးမြင့်ဆွေနှင့် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူတို့ထံသို့လည်း အလားတူ သဝဏ်လွှာများကို အသီးသီးရေးသားပေးပို့ခဲ့ သည်ဟု သတင်း ရရှိသည်

ANP statement on U Htin Kyaw

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...