သမ္မတနှင့် ဒုသမ္မတနှစ်ဦးသို့ ရခိုင်အမျိုးသားပါတီမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့

သမ္မတနှင့် ဒုသမ္မတနှစ်ဦးသို့ ရခိုင်အမျိုးသားပါတီမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီ (Arakan National Party) မှ သမ္မတ၊ ဒုသမ္မတ(၁)နှင့် ဒုသမ္မတ (၂) အဖြစ် အသီးသီး ရွေးချယ်တင်မြှောက်ခံခဲ့ရသော ဦးထင်ကျော်၊ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူတို့ထံသို့ မတ်လ ၁၇ ရက်နေ့က ဂုဏ်ယူ ၀မ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပိုခဲ့သည်ဟု သတင်း ရရှိသည်။

သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးထင်ကျော်ထံသို့ ရေးသား ပေးပို့သော သဝဏ်လွှာတွင် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပထမ ပုံမှန် အစည်းအဝေး ၁၅-၃-၂၀၁၆ ရက်တွင်ကျင်းပပြုလုပ်သော နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထင်ကျော်အား နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် အတွက် ရခိုင်အမျိုးသားပါတီက လှိုက်လှဲစွာ ချီးကျူး ဂုဏ်ပြုပါကြောင်းနှင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်ဟု ပါရှိသည်။

ဒုသမ္မတ (၁) ဦးမြင့်ဆွေနှင့် ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူတို့ထံသို့လည်း အလားတူ သဝဏ်လွှာများကို အသီးသီးရေးသားပေးပို့ခဲ့ သည်ဟု သတင်း ရရှိသည်

ANP statement on U Htin Kyaw

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...