ရခိုင်လွှတ်တော်တွင် ကော်မတီသုံးရပ်၏ အရေးကိစ္စဆွေးနွေးမည်

ရခိုင်လွှတ်တော်တွင် ကော်မတီသုံးရပ်၏ အရေးကိစ္စဆွေးနွေးမည်
by -
နိရဥ္စရာ
လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းတို့ လွှတ်တော်တွင် ကျမ်းကျိန်နေကြစဉ်
လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းတို့ လွှတ်တော်တွင် ကျမ်းကျိန်နေကြစဉ်
ယနေ့ကျင်းပမည့် ရခိုင်ပြည်နယ် လွှတ်တော်တွင် ကော်မတီ သုံးခု ဖွဲ့စည်းရေးနှင့် ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးသွားမည်ဟု သတင်း ရရှိသည်။

ယနေ့ ဆွေးနွေးမည့် ကော်မတီသုံးရပ်မှာ ဥပဒေပြု ကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေး လေ့လာရေး ကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေး ကော်မတီ တို့ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဖိုးမင်းက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဒါက ရခိုင်ပြည်နယ် လွှတ်တော်ရဲ့ နည်းဥပဒေမှာ ပါတဲ့ အတိုင်းဖြစ်ပါတယ်။ ဒီကော်မတီ သုံးရပ်က မဖြစ်မနေ ဖွဲ့ရမယ့် ကော်မတီတွေ ဖြစ်ပါတယ်။ ကော်မတီသုံးခုကိစ္စမှာ ကော်မတီ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊  သက်တမ်း စတဲ့ အကြောင်းအရာတွေပေါ်မှာ အဓိက အလေးထားဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ဦးဖိုးမင်းက ပြောသည်။

လွန်ခဲ့သော လွှတ်တော်သက်တမ်းတွင်လည်း ယခု ဆွေးနွေးမည့် ကော်မတီ သုံးရပ်အပါအဝင် ကော်မတီ (၁၀) ခုခန့်ကို ဖွဲ့စည်းခဲ့သော်လည်း ပြည်နယ် အစိုးရက အလေးထားမှု အားနည်းခဲ့သည်ဟု သူက ထောက်ပြ ပြောဆိုသည်။

“ ကျွန်တော်တို့ အကြံအဉာဏ်တွေ ပေးကြဖို့ ဖိတ်ခေါ်ထားတယ်။ အဲဒီ ပေးအပ်လာတဲ့ အကြံအဉာဏ်တွေပေါ်မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အခုက ဒီဥပဒေကို ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ဥပဒေ တစ်ရပ်ဖြစ်အောင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်နယ် လွှတ်တော်အား  မတ်လ ၁၅ ရက်နေ့က ကျင်းပခဲ့ပြီး ကြားထဲတွင် နှစ်ရက်နားကာ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ၎င်း ကော်မတီ သုံးရပ်နှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံ ဆိုင်ရာ ကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...