သံတွဲမြို့နယ်တွင် ဝေသာလီခေတ်ရွှေဒဂါးနဲ့ ငွေဒင်္ဂါးပြားများတွေ့ရှိ

သံတွဲမြို့နယ်တွင် ဝေသာလီခေတ်ရွှေဒဂါးနဲ့ ငွေဒင်္ဂါးပြားများတွေ့ရှိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် သံပုရာကျေးရွာတွင် တွေ့ရှိခဲ့သော ဝေသာလီခေတ်သုံး ရွှေဒင်္ဂါး သုံးပြားနဲ့ ငွေဒင်္ဂါးပြား ၈၄ ပြားကို ရှာဖွေတွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

ယင်းရှေးဟောင်း ဒင်္ဂါးများအား သံပုရာကျေးရွာတွင် နေထိုင်သော ဦးနိုင်ကြွယ် (၄၅) နှစ်၏ အိမ်အတွင်းရှိ ပျဉ်းကတိုးပင်ကြီးအမြစ်ပေါ်ပြီး လဲကျရာမှ ရှေးဟောင်းကြေးအိုးထဲမှ ဝေသာလီ ခေတ်သုံး ရွှေဒင်္ဂါး သုံးပြားနှင့် ငွေဒင်္ဂါးပြား ၈၄ ပြားကို ရရှိခဲ့ကြောင်း ရှေးဟောင်းသုတေသီ အရှင်ကောသလ(ဂဝေသီ) က ပြောသည်။

“အခု ပြဿနာက မှတ်တမ်းတင်ပါရစေဆိုတော့ ဦးနိုင်ကြွယ်က ငွေဒင်္ဂါး ၅ ပြားကိုပဲ ထုတ်ပြတယ်။ ကျန်တာတွေတော့ မရပါဘူးလို့ ပြောတယ်။ ရွှေဒင်္ဂါး သုံးပြားနဲ့ ငွေ ဒင်္ဂါး ၈၄ ပြားရတာကိုတော့ မှတ်တမ်းတင်ထားတဲ့ လူငယ် နှစ်ဦးရှိတယ်။ တစ်ဦးက ဂျိတ္တောက ဇင်လင်းမောင်ဖြစ်ပြီး နောက်တစ်ဦးက မာန်အောင်က မျိုးမင်းအောင်တို့ ဖြစ်ကြပါတယ်။ သူတို့ နှစ်ဦးက ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားတယ်။ အခု စစ်နေတော့ ဇင်လင်းမောင်က တစ်ခါ သူမတွေ့ပါဘူးလို့ ပြောနေပါတယ်”ဟု အရှင်ကောသလက ဆက်လက်ပြောဆိုသည်။

သို့အတွက် လူမှုအဖွဲ့အစည်းများမှ စုပေါင်ြပြီး ယင်းဒင်္ဂါးပြားများကို ဖော်ထုတ်ရန် ကြိုးစားနေပြီး ရခိုင်ပြည်နယ် အစိုးရအားလည်း အကူအညီတောင်းထားသည်ဟု ဆိုသည်။

“ဒီပစ္စည်းတွေက ရှေးဟောင်းပစ္စည်းတွေလဲ။ ဒွာရဝတီနယ်ရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ရှေးဟောင်း အမွေအနှစ်တွေလဲ။ မှတ်တမ်းတင်ပါရစေဆိုတော့ သူတို့က နေပြည်တော်က ထုတ်မပြရဘူးလို့ ပြောတယ်။ လုံးဝ ပြပိုင်ခွင့် မရှိဘူးလို့ ပြောတယ်။ ဒါက လုံးဝ မဖြစ်နိုင်တဲ့အတွက် ဖျောက်ဖျက်ဖု်ိ့ ကြိုးစားနေတာလား မေးတော့ သူက အရှင်ဘုရားတို့ ဘာလုပ်နိုင်မလဲဆိုပြီး ပြောတယ်။ ဒါကြောင့် ရဲကိုလည်း အကြောင်းကြားထားတယ်။ ဘဏ်တွေကို သွားစစ်တော့လည်း ဒီပစ္စည်းတွေကို အပ်နှံထားတာ မတွေ့ရဘူး” ဟု ဆိုသည်။

ယင်းပစ္စည်းများကို ယခုလ ၂၂ ရက်နေ့တွင် နေပြည်တော်သို့ ယူဆောင်မည် ဖြစ်ကြောင်း ဦးနိုင်ကြွယ်က ပြောကြောင်း၊ ယခု အသစ်ပြဌာန်းလိုက်သော ဥပဒေအရ ပြည်နယ် တစ်ခုမှ ရရှိသော ရှေးဟောင်းပစ္စည်းများကို နေပြည်တော်သို့ ဖြစ်စေ တခြားဒေသတစ်ခုသို့ ဖြစ်စေ ယူဆောင်ခွင့် မရှိကြောင်း၊ သို့အတွက် ယင်းပစ္စည်းများကို မယူဆောင်နိုင်ရန် လူမှုအဖွဲ့အစည်းများမှ ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ နောက်တစ်နေ့ နံနက်တွင် ရဲတပ်ဖွဲ့ အကူအညီယူပြီး စစ်ဆေးသွားမည် ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ဦးနိုင်ကြွယ်အား အသေးစိတ် သိရှိနိုင်ရန် ဆက်သွယ်သော်လည်း ဆက်သွယ်မရသဖြင့် သူ၏ ပြောကြားချက်ကတင်ပြနိုင်ခြင်း မရှိပါ။

Most read this week

December 10, 2025
အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားပြီးတိုက်ပွဲတစ်ခါမျှ မဖြစ်ဖူးသေးသည့် ရခိုင်မှ မာန်အောင်မြို့နယ်တွင်...
December 8, 2025
ယခင်ကလက်နက်ကြီးပစ်ခတ်သံများကိုသာ ကြားခဲ့ရပြီး ယခုရက်ပိုင်းအတွင်း စက်သေနတ်နှင့် လက်နက်ငယ်မျိုးစုံ...