ဆန္ဒပြတောင်းဆိုပြီးနောက် ဒေဝူးကုမ္ပဏီက ပျက်စီးလယ်မြေများအတွက် နစ်နာကြေးများပေးအပ်

ဆန္ဒပြတောင်းဆိုပြီးနောက် ဒေဝူးကုမ္ပဏီက ပျက်စီးလယ်မြေများအတွက် နစ်နာကြေးများပေးအပ်
by -
နိရဥ္စရာ
ဒေဝူးကုမ္ပဏီ ဓာတ်ငွေ့သန့်စင် စက်ရုံကြောင့် လယ်မြများပျက်စီးသွားသဖြင့် လျော်ကြေးပေးရန် လယ်သမား ၃၀၀ ခန့်က ဆန္ဒပြတောင်းဆိုပြီးနောက် ဒေဝူးကုမ္ပဏီက လယ်သမားများကို နစ်နာကြေးများ ပေးအပ်ခဲ့သည်ဟု သတင်းရရှိသည်။

လယ်မြေပျက်စီးမှု ဖြေရှင်းရေး သဘောတူစာချုပ် ချုပ်ဆိုပွဲအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့က ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်စဉ် ယင်းနစ်နာကြေးများကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။

လယ်တစ်ဧကလျှင် ပြုပြင်ခ ကျပ်ငွေသိန်း၂၀ နှင့် ဆောင်းသီးနှံ (၃) နှစ်အတွက် ကျပ်ငွေ ၈သိန်း ပေးအပ်ခဲ့ကြောင်း ဒေသခံ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်ဝေခင်က ပြောသည်။

ပျက်စီးလယ်မြေအတွက် ဓာတ်မြေသြဇာနှင့် မျိုးစပါးတွေကို ဒေဝူးကုမ္ပဏီမှ ထပ်မံပေးသွားမည်ဟု တာဝန်ရှိသူများက ပြောဆိုကြောင်း သူက ဆက်လက်ပြောဆိုသည်။

“ဒီနေ့ မြေယာပျက်စီးမှုအတွက် သဘောတူစာချုပ်ချုပ်ဆိုပြီး ကုမ္ပဏီတာဝန်ရှိသူတွေက လယ်မြေ ပြုပြင်ခနဲ့ ဆောင်းသီးနှံ နစ်နာကြေး ပေးတယ်။ နောက်ထပ် မြေယာပျက်စီးမှု ဖြစ်ပေါ်လာရင်လည်း ကုမ္ပဏီမှ ပြန်လည်ဖြေရှင်းပေးမယ်ဆိုပြီး သဘောတူတယ်”ဟု ဦးဝေခင်က ဆိုသည်။

ဓာတ်ငွေ့သန့်စင် စက်ရုံအနီးတဝိုက်တွင် စက်ယန္တာရားများ သွားလာအသုံးပြုခြင်းကြောင့် လယ်သမား (၇၀)ခန့် ပိုင်ဆိုင်သော မလကျွန်းရွာ၊ ဂုံးချိန်ရွာမှ ကွင်းအမှတ်(၄၅၄)၊ (၄၅၆)၊ (၄၅၇)ရှိ လယ်မြေဧက  ၆၀ ကျော် ပျက်စီးသွားခဲ့သည်။

ပျက်စီးသွားသော လယ်ယာမြေများအား လျော်ကြေးပေးရန်အတွက်  ဇွန်လ ၃ရက်နေ့က ဒေဝူးကုမ္ပဏီအား ဒေသခံ လူပေါင်း ၃၀၀ ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းနောက်ပိုင်းတွင် ယခုလို နစ်နာကြေးများကို ဒေဝူးကုမ္ပဏီက ပေးအပ်လာခြင်းဖြစ်သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...