ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှနေပြည်တော်သို့ ယူဆောင်သော ရှေးဟောင်း ပစ္စည်းများ စစ်တွေတွင် တားမြစ်ခံရ

ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှနေပြည်တော်သို့ ယူဆောင်သော ရှေးဟောင်း ပစ္စည်းများ စစ်တွေတွင် တားမြစ်ခံရ
by -
နိရဥ္စရာ
နိရဥ္စရာသတင်း။ ဇူလိုင် ၁၀ - စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ယဉ်ကျေးမှု ပြတိုက်မှ ရှေးဟောင်း ပစ္စည်းများကို နေပြည်တော်သို့ ပို့ဆောင်စဉ် စစ်တွေကားဂိတ်တွင် ဒေသခံ ပြည်သူများက တားဆီးပိတ်ပင်ခဲ့သဖြင့် မယူဆောင်နိုင်ဘဲ ပြတိုက်သို့ ပြန်လည် ပို့ဆောင်လိုက်ရသည်ဟု သတင်း ရရှိသည်။

 အဆိုပါရှေးဟောင်းပစ္စည်းများမှာ ရခိုင်ဝေသာလီခေတ်လက်ရာတစ်ခုဖြစ်သော ကျောက်စာများဖြင့် ရေးထွင်းထား သည့် ကျောက်ပြား တစ်ချပ်၊ ဝေသာလီခေတ်လက်ရာ ကြာဖူးကိုင်ထားသော ကျောက်ရုပ်တုတစ်ခုနှင့် မြောက်ဦးခေတ် ကျောက်သံလျက် တစ်လက်တို့ဖြစ် သည်ဟု ရဲအုပ်အေးခင်မောင်က ဆိုသည်။

“ဒီလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာလုပ်မယ့် ယဉ်ကျေးမှုပြတိုက်ကြီးဖွင့်ပွဲမှာ တိုင်းနဲ့ပြည်နယ်က ရှေးဟောင်း ပစ္စည်းလေးတွေ ကို ပြမှာဖြစ်တဲ့အတွက် တိုင်းနဲ့ပြည်နယ်အားလုံးက ပို့ရမှာလို့ ပြတိုက်မှူးက ပြောတယ်။

narinjara 1302

ရခိုင်ကလည်း အခုလိုပို့ဖို့စီစဉ်တာပေါ့နော်။ ဒါပေမယ့် ဒေသခံတွေက တားလိုက်တဲ့အတွက် မပို့ဖြစ်တော့ပါဘူး” ဟု
ကားဂိတ်သို့ သွားရောက်တားမြစ်သည့်အဖွဲ့နှင့် ပြတိုက်မှူးတို့ ရုန်းရင်းဆန်ခတ်မဖြစ်အောင် ထိန်းသိမ်းပေးခဲ့ရသည့် ရဲအုပ်အေးခင်မောင်က ပြောသည်။

အဆိုပါပစ္စည်းများကို ပြတိုက်မှူးဖြစ်သူ ဒေါ်သူဇာဇံက ဇူလိုင်လ ၉ ရက်နေ့၊ မွန်းလွဲ ၁ နာရီခန့်တွင် စစ်တွေ အဝေးပြေးကားဂိတ်မှ တဆင့် ရန်ကုန်သို့ ပို့ဆောင်ရန်စီစဉ်ခဲ့ရာ စစ်တွေရှိ လူမှုအဖွဲ့အစည်းအချို့နှင့်ဒေသခံအချို့ သိရှိသွား ၍ ကားဂိတ်သို့သွားရောက်တားမြစ်ခဲ့ကြရာမှ အပို့ မဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်မျိုးသားလုံးအတွက်တန်ဖိုးကြီးသည့်ရှေးဟောင်းပစ္စည်းများအား လူမသိ၊ သူမသိပို့ဆောင်ခြင်းမှာ ဥပဒေနှင့် မညီသည့်အတွက် ယခုကဲ့သို့တားမြစ်လိုက်ခြင်းဖြစ်သည်ဟု သွားရောက်တားမြစ်ခဲ့သူများက ဆိုသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...