မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်စစ်တပ်မှ စစ်ဆင်ရေးပြုလုပ်

မြန်မာနယ်စပ်အနီး ဘင်္ဂလာဒေ့ရှ်စစ်တပ်မှ စစ်ဆင်ရေးပြုလုပ်
by -
နိရဥ္စရာ
ကော့စ်ဘဇား၊ ဇူလိုင်- ၈ ရက်နေ့ - မြန်မာနှင့် နယ်ချင်းထိစပ်နေသည့် စစ်တကောင်း တောင်တန်းဒေသတွင် ဘင်္ဂလာဒေရှ့် စစ်တပ်မှ အင်အား ၄၀၀ ကျော်ဖြင့် စစ်ဆင်ရေး တစ်ရပ်ကို ပြုလုပ်နေကြာင်း Cox’sbazar news တွင် ဖော်ပြသည်။

ယခု ပြုလုပ်နေသည့် စစ်ဆင်ရေးကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး ဇူလိူင် ၁၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။

ယခုပြုလုပ်သည့် စစ်ဆင်းရေးမှာ နယ်စပ်တလျှောက်တွင် တရားမဝင် လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက် မလှုပ် ရှားနိုင်ရေး၊ လက်နက်မှောင်ခိုသမားများကို နှိမ်နှင်းရေးနှင့် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကို တိုက်ဖျက်ရေးတို့ အတွက် ဖြစ်သည်ဟု ဘော်လီပါရာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့မှ  ဗိုလ်မှူးကြီး ကာမရုမ် အစ္စလာမ်မှ ပြောသည်။

မြန်မာ- ဘင်္ဂလာဒေ့ရှ် နယ်စပ်အနီးရှိ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်ရှိ တန်းဆိပ်၊ ရုံမော်နှင့် အလယ်ခွာတောင်ဒေသတို့တွင် အဓိက စစ်ဆင်ရေးကို ပြုလုပ်နေပြီး ယင်းဒေသတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့များ ခိုအောင်းနေခဲ့ကြသည်ဟု သူက ဆိုသည်။  

ယခု စစ်ဆင်ရေးကို မြန်မာ- ဘင်္ဂလာဒေ့ရှ်နယ်စပ်မှ အိန္ဒိယ နယ်စပ်ထိ ကီလိုမီတာ ၁၃၅ တလျှောက်တွင် ပြုလုပ်နေသည်ဟု ဗိုလ်မှူးကြီး ကာမရုမ်က ပြောသည်။ ယခု စစ်ဆင်ရေး ပြုလုပ်နေသောနေရာများသည် မြန်မာဘက်ကမှ ပလက်ဝ၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ် များနှင့် ထိစပ်နေသော နယ်စပ်များဖြစ်ကြသည်။

ယခု စစ်ဆင်ရေးတွင် စစ်တပ်နှင့် နယ်ခြား စောင့် ဘီဂျီဘီ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀၀ ခန့် ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...