ယခု ပြုလုပ်နေသည့် စစ်ဆင်ရေးကို တနင်္ဂနွေနေ့က စတင်ခဲ့ပြီး ဇူလိူင် ၁၄ ရက်နေ့ထိ ပြုလုပ်သွားမည်ဟု သိရသည်။
ယခုပြုလုပ်သည့် စစ်ဆင်းရေးမှာ နယ်စပ်တလျှောက်တွင် တရားမဝင် လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက် မလှုပ် ရှားနိုင်ရေး၊ လက်နက်မှောင်ခိုသမားများကို နှိမ်နှင်းရေးနှင့် နယ်စပ်ဖြတ်ကျော်ပြီး မူးယစ်ဆေးဝါး မှောင်ခိုလုပ်ငန်းများကို တိုက်ဖျက်ရေးတို့ အတွက် ဖြစ်သည်ဟု ဘော်လီပါရာအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ကာမရုမ် အစ္စလာမ်မှ ပြောသည်။
မြန်မာ- ဘင်္ဂလာဒေ့ရှ် နယ်စပ်အနီးရှိ ဘင်ဒရိုဘင် (ရွာတော်) ခရိုင်ရှိ တန်းဆိပ်၊ ရုံမော်နှင့် အလယ်ခွာတောင်ဒေသတို့တွင် အဓိက စစ်ဆင်ရေးကို ပြုလုပ်နေပြီး ယင်းဒေသတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့များ ခိုအောင်းနေခဲ့ကြသည်ဟု သူက ဆိုသည်။
ယခု စစ်ဆင်ရေးကို မြန်မာ- ဘင်္ဂလာဒေ့ရှ်နယ်စပ်မှ အိန္ဒိယ နယ်စပ်ထိ ကီလိုမီတာ ၁၃၅ တလျှောက်တွင် ပြုလုပ်နေသည်ဟု ဗိုလ်မှူးကြီး ကာမရုမ်က ပြောသည်။ ယခု စစ်ဆင်ရေး ပြုလုပ်နေသောနေရာများသည် မြန်မာဘက်ကမှ ပလက်ဝ၊ ကျောက်တော်နှင့် ဘူးသီးတောင်မြို့နယ် များနှင့် ထိစပ်နေသော နယ်စပ်များဖြစ်ကြသည်။
ယခု စစ်ဆင်ရေးတွင် စစ်တပ်နှင့် နယ်ခြား စောင့် ဘီဂျီဘီ တပ်ဖွဲ့ဝင် စုစုပေါင်း ၄၀၀ ခန့် ပူးပေါင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။







