ဖမ်းဆီးထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် ဘီဂျီဘီ အရာရှိကို လွဲပြောင်းလိုက်ပြီ

ဖမ်းဆီးထိန်းသိမ်းထားသော ဘင်္ဂလာဒေ့ရှ် ဘီဂျီဘီ အရာရှိကို လွဲပြောင်းလိုက်ပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ခဲ့သော မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် အစည်းအဝေးတွင် မြန်မာဘက်က ဖမ်းဆီးထိန်းသိမ်းထားသော ဘီဂျီဘီ(BGB) အရာရှိ မစ္စတာ နာယက် ရာဇက်ကို လွဲပြောင်းပေး လိုက်ပြီ ဖြစ်သည်ဟု မောင်တောခရိုင် အထွေထွေ အတွင်းရေးမှူးက အတည်ပြုပြောကြားသည်။

 “ဒီကနေ့ မောင်တောမြို့ ဒေဝါနဒီ ခန်းမမှာ ပြုလုပ်တဲ့ တပ်မှူးအဆင့် အလံတင် အစည်းအဝေးမှာ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

မစ္စတာ နာယက် ရာဇက်ကို မြန်မာဘက်က ရှစ်ရက်ကြာ ထိန်းသိမ်းထားပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ တစ်စုံတစ်ရာ အရေးယူခြင်း မရှိဘဲ ၎င်းနှင့်တပါတည်း ဖမ်းဆီးရမိသော လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ပြန်လည် လွဲပြောင်းပေးအပ် လိုက်ခြင်း ဖြစ်သည်။

ထိုအစည်းအဝေးသို့ ဘင်္ဂလာဒေရှ့်နိုင်ငံ တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ တပ်ရင်းမှူး  ဗိုလ်မှူးကြီး Abu Jar al Zahid ဦးဆောင်သော ကိုယ်စားလှယ် ခုနှစ်ဦး အဖွဲ့က တက်ရောက်ခဲ့ပြီး မြန်မာဘက်ကတော့ အမှတ် (၂) နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးကြီး သီဟန်  ဦးဆောင်သော ကို်ယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...