“ဒီကနေ့ မောင်တောမြို့ ဒေဝါနဒီ ခန်းမမှာ ပြုလုပ်တဲ့ တပ်မှူးအဆင့် အလံတင် အစည်းအဝေးမှာ လွဲပြောင်းပေးအပ်လိုက်တာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။
မစ္စတာ နာယက် ရာဇက်ကို မြန်မာဘက်က ရှစ်ရက်ကြာ ထိန်းသိမ်းထားပြီးနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအရ တစ်စုံတစ်ရာ အရေးယူခြင်း မရှိဘဲ ၎င်းနှင့်တပါတည်း ဖမ်းဆီးရမိသော လက်နက်ခဲယမ်းမီးကျောက်များနှင့်အတူ ပြန်လည် လွဲပြောင်းပေးအပ် လိုက်ခြင်း ဖြစ်သည်။
ထိုအစည်းအဝေးသို့ ဘင်္ဂလာဒေရှ့်နိုင်ငံ တက်ကနက် အခြေစိုက် အမှတ် ၄၂ ဘီဂျီဘီ တပ်ရင်းမှူး ဗိုလ်မှူးကြီး Abu Jar al Zahid ဦးဆောင်သော ကိုယ်စားလှယ် ခုနှစ်ဦး အဖွဲ့က တက်ရောက်ခဲ့ပြီး မြန်မာဘက်ကတော့ အမှတ် (၂) နယ်ခြားစောင့်တပ်ဖွဲ့ ရဲမှူးကြီး သီဟန် ဦးဆောင်သော ကို်ယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့သည်။







