နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ

နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ
by -
နိရဥ္စရာ
နယ်မြေကျူးကျော်မှုကြောင့် မြန်မာ နယ်ခြားစောင့်တပ်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့ကြား  နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတစ်ခု မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွတ် ချောင်းဝ၊ နတ်မြစ်တွင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ ဘင်္ဂလာဒေ့ရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး တစ်ဦးကို လက်နက်နဲ့အတူ မြန်ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“ဒီကနေ့ နံနက် ၅ နာရီလောက်မှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သား နှစ်ဦးတို့ဟာ လှေတစ်စီး နဲ့ မြန်မာဘက်ကို ၀င်ရောက်နေတယ်။ မြန်မာဘက်က ကင်းလှည့်တဲ့ အဖွဲ့နဲ့ တိုးတော့ ဒီဘက်က တားတယ်။ ဒါကို ဟိုဘက်က စတင်ပစ်ခတ်တယ်။ ဒီဘက်က ခုခံပစ်ခတ်တော့ တစ်ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ ကျန်တဲ့ နှစ်ဦးကတော့ရေထဲကို ခုန်ချတယ်။ အဲဒီအထဲက တပ်ကြပ်ကြီး တစ်ဦးကို နံနက် ၆ နာရီမှာ မြန်မာပိုင်နက်မှာ လက်နက်နဲ့ အတူ ဖမ်းမိပါတယ်” ဟု ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုမှာ ၁၀ မိနစ်ခန့်ကြာမြင့်ပြီး တစ်ဘက်နှင့် တစ်ဘက် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ယင်းပစ်ခတ်မှုတွင် ဒဏ်ရာရသွားသော ဘင်္ဂလာ နယ်ခြားစောင့် တပ်သားကိုမူ ယခုအခါ ကော့စ်ဘဇားခရိုင်ဆေးရုံတွင် တင်ထားရသည်ဟု ဘင်္ဂလာဒေ့ရှ်က အတည်ပြုပြောကြားသည်။

“အခု ဖမ်းမိတဲ့ ဘီဂျီဘီကို ထိန်းသိမ်းထားတယ်။ သူဆီကတဆင့် သိရတာကတော့ ခုလို ဒီဘက်ကို အရင် ဖေဖော်ဝါရီလက တစ်ကြိမ်၊ ဇွန်လက တစ်ကြိမ် ၀င်ရောက်ဖူးတယ်လို့ သိရတယ်။ အဓိက ငါးဖမ်းလှေတွေကို ဖမ်းဆီးဖို့ ၀င်ရောက်လာတာလို့ သိရပါတယ်” ဟု ဆိုသည်။

ယခုအခါ မြန်မာဘက်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများကို အကြောင်းကြားထားပြီး ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...