နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ

နယ်စပ် အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘင်္ဂလာတပ်ကြပ်တစ်ဦး လက်နက်နှင့်အတူ မြန်မာဘက်က ဖမ်းဆီးရမိ
by -
နိရဥ္စရာ
နယ်မြေကျူးကျော်မှုကြောင့် မြန်မာ နယ်ခြားစောင့်တပ်နှင့် ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့တို့ကြား  နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတစ်ခု မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းကျွတ် ချောင်းဝ၊ နတ်မြစ်တွင် ဇွန်လ ၁၇ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဖြစ်ပွားခဲ့ရာ ဘင်္ဂလာဒေ့ရှ့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တပ်ကြပ်ကြီး တစ်ဦးကို လက်နက်နဲ့အတူ မြန်ဘက်က ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောခရိုင် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

“ဒီကနေ့ နံနက် ၅ နာရီလောက်မှာ ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သား နှစ်ဦးတို့ဟာ လှေတစ်စီး နဲ့ မြန်မာဘက်ကို ၀င်ရောက်နေတယ်။ မြန်မာဘက်က ကင်းလှည့်တဲ့ အဖွဲ့နဲ့ တိုးတော့ ဒီဘက်က တားတယ်။ ဒါကို ဟိုဘက်က စတင်ပစ်ခတ်တယ်။ ဒီဘက်က ခုခံပစ်ခတ်တော့ တစ်ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ ကျန်တဲ့ နှစ်ဦးကတော့ရေထဲကို ခုန်ချတယ်။ အဲဒီအထဲက တပ်ကြပ်ကြီး တစ်ဦးကို နံနက် ၆ နာရီမှာ မြန်မာပိုင်နက်မှာ လက်နက်နဲ့ အတူ ဖမ်းမိပါတယ်” ဟု ပြောသည်။

အပြန်အလှန် ပစ်ခတ်မှုမှာ ၁၀ မိနစ်ခန့်ကြာမြင့်ပြီး တစ်ဘက်နှင့် တစ်ဘက် အချက် ၂၀ ခန့် ပစ်ခတ်ခဲ့ကြသည်ဟု သိရသည်။

ယင်းပစ်ခတ်မှုတွင် ဒဏ်ရာရသွားသော ဘင်္ဂလာ နယ်ခြားစောင့် တပ်သားကိုမူ ယခုအခါ ကော့စ်ဘဇားခရိုင်ဆေးရုံတွင် တင်ထားရသည်ဟု ဘင်္ဂလာဒေ့ရှ်က အတည်ပြုပြောကြားသည်။

“အခု ဖမ်းမိတဲ့ ဘီဂျီဘီကို ထိန်းသိမ်းထားတယ်။ သူဆီကတဆင့် သိရတာကတော့ ခုလို ဒီဘက်ကို အရင် ဖေဖော်ဝါရီလက တစ်ကြိမ်၊ ဇွန်လက တစ်ကြိမ် ၀င်ရောက်ဖူးတယ်လို့ သိရတယ်။ အဓိက ငါးဖမ်းလှေတွေကို ဖမ်းဆီးဖို့ ၀င်ရောက်လာတာလို့ သိရပါတယ်” ဟု ဆိုသည်။

ယခုအခါ မြန်မာဘက်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူများကို အကြောင်းကြားထားပြီး ဆက်သွယ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...