AA နှင့်ဆက်နွယ်မှုဖြင့် အဖမ်းခံထားရသူ မြိုလူမျိုး ၈ ဦးလွတ်မြောက်လာ

AA နှင့်ဆက်နွယ်မှုဖြင့် အဖမ်းခံထားရသူ မြိုလူမျိုး ၈ ဦးလွတ်မြောက်လာ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ်မှုရှိသည်ဟု သံသယဖြင့် အဖမ်းခံထားရသူ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ရခိုင်မျိုးနွယ်စုဝင် မြိုလူမျိုး ၈ ဦးကို တရားလိုက အမှုကိုပြန်ရုပ်သိမ်း၍ ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်တရားရုံးက လွှတ်ပေးလိုက်သည်ဟု အဆိုပါ အမှုကို လိုက်နေသူ ရှေ့နေ ဦးအောင်ကျော်ဖြူက ပြောသည်။

“တရားလိုက အမှုကို ပြန်ရုပ်သိမ်းလိုက်တဲ့အတွက် ကျောက်မြို့တရားရုံးက အဲဒီ ၈ ယောက်ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၉၄ (က) နဲ့ လွှတ်ပေးလိုက်တာပါ။ သူတို့ အမှုတွဲမှာ ရခိုင်အမျိုးသား ၃ ဦးကျန်ပါသေးတယ်။ သူတို့ကို ဇွန်လ ၁၉ ရက်နေ့မှာ ရုံးထုတ်ပါမယ်“ဟု ဦးအောင်ကျော်ဖြူကပြောသည်။

အဆိုပါ ၈ ဦးလွတ်မြောက်လာကြောင်း ကျောက်တော်မြို့မ စခန်းမှူးကလည်း အတည်ပြုပြောကြားသည်။

“၈ ဦးလွတ်မြောက်လာတယ်ဆိုတာဟုတ်ပါတယ်။ သူတို့က မြိုအမျိုးသားတွေပါ။ ခဏတဖြုတ်လွှတ်တာပါ” ဟု စခန်းမှူးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ၈ ဦးသည် ကျောက်တော်မြို့နယ် ပီချောင်းဖျား ကုလားချောင်းပတ်ဝန်းကျင်တွင် AA ကပြုလုပ်သော အစည်းအဝေးကိုတက်ရောက် ခဲ့ကြောင်း အထောက်အထားတွေ့ရှိရ၍ မေလ ၂၀ ရက်ဝန်းကျင်က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်မတော် AA နှင့် ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၃၂ ဦးထဲမှ ၈ ဦး လွှတ်မြောက်လာသဖြင့် နောက် ထပ် ၂၄ ဦး ကျန်ရှိကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...