“ သူတို့ကို စွဲဆိုတဲ့ ပုဒ်မက ၃၆၇ နဲ့ ၃၇၁ တို့ဖြစ်ကြတယ်။ ကျွန်ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ ဖြစ်ကြတယ်” ဟု မောင်တောခရိုင် တရားရုံးလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွှန့်က ပြောသည်။
အခု တရားစွဲဆိုခံရသူ ၂၀ ထဲတွင် တနင်္သာရီတိုင်းမှ ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ ဧရာဝတီတိုင်းမှ ၂ ဦးနှင့် ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလီ လူမျိုး ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။
“ ရမန်က ၁၅ ရက်ယူပါတယ်။ အခု နယ်စပ်ကွပ်ကဲရေးမှူး ဌာနချုပ် ကျီးကန်းပြင်ကို ယူသွားပြီး ဟိုမှာ စစ်ဆေးနေပါတယ်။ မောင်တောမြို့နယ် တရားရုံးကပဲ လက်ခံပြီး အမှုကို ပြီးပြတ်အောင် စီရင်သွားဖို့ အနေအထား ရှိပါတယ်” ဟု ဦးအောင်ကျော်ညွှန့်က ဆက်လက် ပြောဆိုသည်။
ယင်း ၂၀ ဦး အထဲမှ ၁၁ ဦးကို ဘင်္ဂလီ ၂၀၈ ဦးပါ စက်လှေ တစ်စီးမှ လည်းကောင်း၊ ကျန် ၉ ဦးကို လှေစီး ဒုုက္ခသည် တစ်ဦးမှ မပါသော စက်လှေ တစ်စီးက လည်းကောင်း မြန်မာရေတပ်က မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ အနောက်ဘက်က ၄ မိုင် အကွာ ပင်လယ်ပြင်မှ ဖမ်းမိခဲ့သည်။







