မောင်တောတွင် လှေစီးဘင်္ဂလီများနှင့်အတူ ဖမ်းမိသည့် လူ ၂၀ ကို လူကုန်ကူးမှုဖြင့် တရားစွဲ

မောင်တောတွင် လှေစီးဘင်္ဂလီများနှင့်အတူ ဖမ်းမိသည့် လူ ၂၀ ကို လူကုန်ကူးမှုဖြင့် တရားစွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်းတွင် ဘင်္ဂလာဒေရှ့် လှေစီးဒုုက္ခသည် ၂၀၈ ဦးနှင့်အတူ ဖမ်းမိခဲ့သော မြန်မာနိုင်ငံသား ၂၀ ဦးကို ပုဒ်မ နှစ်ခုဖြင့် တရားစွဲဆိုကာ ရမန်ယူထားကြောင်း သတင်း ရရှိသည်။

“ သူတို့ကို စွဲဆိုတဲ့ ပုဒ်မက ၃၆၇ နဲ့  ၃၇၁ တို့ဖြစ်ကြတယ်။ ကျွန်ရောင်းဝယ်မှုနဲ့ ပတ်သက်တဲ့ ပုဒ်မတွေ ဖြစ်ကြတယ်” ဟု မောင်တောခရိုင် တရားရုံးလွှတ်တော်ရှေ့နေ ဦးအောင်ကျော်ညွှန့်က ပြောသည်။

အခု တရားစွဲဆိုခံရသူ ၂၀ ထဲတွင် တနင်္သာရီတိုင်းမှ  ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၁ ဦး၊ ဧရာဝတီတိုင်းမှ ၂ ဦးနှင့် ရခိုင်ပြည်နယ်ဘက်မှ ဘင်္ဂလီ လူမျိုး ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

“ ရမန်က ၁၅ ရက်ယူပါတယ်။ အခု နယ်စပ်ကွပ်ကဲရေးမှူး ဌာနချုပ် ကျီးကန်းပြင်ကို ယူသွားပြီး ဟိုမှာ စစ်ဆေးနေပါတယ်။ မောင်တောမြို့နယ် တရားရုံးကပဲ လက်ခံပြီး အမှုကို ပြီးပြတ်အောင် စီရင်သွားဖို့ အနေအထား ရှိပါတယ်” ဟု ဦးအောင်ကျော်ညွှန့်က ဆက်လက် ပြောဆိုသည်။

ယင်း ၂၀ ဦး အထဲမှ ၁၁ ဦးကို ဘင်္ဂလီ ၂၀၈ ဦးပါ စက်လှေ တစ်စီးမှ လည်းကောင်း၊ ကျန် ၉ ဦးကို လှေစီး ဒုုက္ခသည် တစ်ဦးမှ မပါသော စက်လှေ တစ်စီးက လည်းကောင်း မြန်မာရေတပ်က မေလ ၂၁ ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ အနောက်ဘက်က ၄ မိုင် အကွာ  ပင်လယ်ပြင်မှ ဖမ်းမိခဲ့သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...