ကျောက်ဖြူမှာ တယ်လီဖုန်းဆက်သွယ်ရေးကောင်းဖို့ ၆ လ လိုအုံးမည်ဟုဆို

ကျောက်ဖြူမှာ တယ်လီဖုန်းဆက်သွယ်ရေးကောင်းဖို့ ၆ လ လိုအုံးမည်ဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူတွင် တယ်လီဖုန်းလိုင်းများ ကောင်းမွန်ဖို့ နောက်ထပ် အချိန် ခြောက်လလောက် လိုမည် ဖြစ်ကြောင်း ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာ ဦးဒေဝကပြောဆိုသည်။

ကျောက်ဖြူတွင် တယ်လီဖုန်းလိုင်းများ ပြောမရအောင်ထိ ဆိုးရွားနေမှုနှင့်ပတ်သက်၍ ကျောက်ဖြူ ဒေသခံများအား မေလ ၁၈ ရက်နေ့ ညနေ ၃နာရီခန့်က ဆက်သွယ်ရေးရုံး တာဝန်ရှိသူများမှ အစည်းအဝေး ခေါ်ယူခဲ့ရာ ယင်းအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူတွင် တယ်လီဖုန်းလိုင်း အလွန်ဆိုးရွားနေ၍ ဖုန်းရိုက်ခွဲ၍ ဆန္ဒပြရန် စီစဉ်နေကြောင်း အစည်းအဝေး တက်ရောက်သူ ကျောက်ဖြူမြို့ခံ ဦးတင်အောင်စိုးက တင်ပြခဲ့ရာ ဆန္ဒပြသော်လည်း ဖုန်းလိုင်းကောင်းအောင် လုပ်ရန်မဖြစ်နိုင်သေးကြောင်း ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာက ပြောကြားခဲ့သည်။

“တယ်လီဖုန်းလိုင်း ကျယ်ကျယ်ပြန့်ပြန့်ရအောင် တစ်ခုချင်းစီကို ကောင်းအောင်လုပ်နေပါတယ်။ Fiber Optic Cable ဆက်သွယ်နေတာလည်း အတော်ပြီးစီးနေပါပြီ။ တယ်လီဖုန်းလိုင်းကောင်းမွန်ဖို့ နောက်ထပ် ခြောက်လာလောက်တော့ ကြာမယ်” ဟု ဦးဒေဝကပြောသည်။

ကျောက်ဖြူတွင် ဆက်သွယ်ရေးတာဝါတိုင်ခြောက်ခုစိုက်ထူမည်ဖြစ်ပြီး အချို့တာဝါတိုင်များ ပြီးစီးခါနီးနေပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် စစ်တွေနှင့် ကျောက်ဖြူသည် ဖုန်း အသုံးအများဆုံး ဖြစ်ကြောင်းသိရသည်။ ဖုန်းဆင်းကဒ် စျေးနုန်းသက်သာ၍ ဖုန်းအသုံးများလာသော်လည်း လိုင်းတိုးချဲ့ပေးနိုင်ခြင်း မရှိသေးသဖြင့် ဒေသခံ ပြည်သူများ ဆက်သွယ်ရေးပိုင်းတွင် အခက်အခဲများနှင့် ကြံုတွေ့နေကြရသည်။

ကျောက်ဖြူတွင် မြန်မာ့ဆက်သွယ်ရေး တစ်ခုသာရှိပြီး တယ်လီနောနှင့် အော်ရီဒူးတို့ မရှိသေးကြောင်း သိရသည်။ တယ်လီနောကုမ္ပဏီမှ ကျောက်ဖြူတွင် ဆက်သွယ်ရေး တာဝါတိုင် ဆောက်လုပ်ရန်မြေနေရာ ရှာဖွေနေကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...