ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု သံသယရှိ၍ ဖမ်းဆီးခံရသူ ၂၂ ဦးရှိပြီ

ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု သံသယရှိ၍ ဖမ်းဆီးခံရသူ ၂၂ ဦးရှိပြီ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်သူများကို ဖမ်းဆီးစစ်ဆေးနေရာ မေလ ၁၈ ရက်နေ့ထိ အဖမ်းခံရသူမှာ ၂၂ ဦး ရှိသွားပြီဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးခင်မောင်က နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“AA သောင်းကျန်းသူတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ ၂၀ ဦးကို ဒီလ ၁၅ ရက်နေ့က ရုံးတင်ပါတယ်။ ကျန် နှစ်ဦးကို အမှုပြင်ဆင်ပြီး ဒီလ ၂၉ ရက်နေ့ရုံးတင်မှာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

သူတို့ ၂၂ ဦးအထဲမှ  ပထမ ဖမ်းဆီးခံထားရသူ ၂၀ ဦးအား  ၁၇ (၁) ဖြင့် တရားစွဲဆိုထားကြောင်းနှင့် ရက္ခိုင့်တပ်မတော် (AA) ကို AA သောင်းကျန်းသူများဟုသာ သုံးစွဲရန် ရဲမှူးက ထပ်မံ အတည်ပြု ပြောကြားသည်။

မေလ ၁၄ ရက်နေ့က ထပ်မံ ဖမ်းဆီးခံရသူ နှစ်ဦးကိုလည်း အမှုဖွဲ့နေပြီး ၁၇ (၁) နှင့်ပင် တရားစွဲဆိုသွားမည်ဟု ပြောဆိုသည်။

ယခု ဖမ်းဆီးခံရသူများမှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် အပါအဝင် နယ်မြေစုံက ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ရှေ့နေတွေ ငှားရမ်းခွင့်ရပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ စစ်ဆေး စီရင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေတွေ အကုန်လုံး ငှါးရမ်းခွင့်ရှိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ မိသားစု အချို့နှင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် ဖမ်းဆီးခံ မိသားစုများဘက်မှ အမြင်နှင့် သဘောထားများကို တင်ပြနိုင်ခြင်း မရှိပါ။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...