ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု သံသယရှိ၍ ဖမ်းဆီးခံရသူ ၂၂ ဦးရှိပြီ

ရက္ခိုင့်တပ်မတော်နှင့် ဆက်စပ်သည်ဟု သံသယရှိ၍ ဖမ်းဆီးခံရသူ ၂၂ ဦးရှိပြီ
by -
နိရဥ္စရာ
ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်သူများကို ဖမ်းဆီးစစ်ဆေးနေရာ မေလ ၁၈ ရက်နေ့ထိ အဖမ်းခံရသူမှာ ၂၂ ဦး ရှိသွားပြီဟု ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဦးခင်မောင်က နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“AA သောင်းကျန်းသူတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားတဲ့ ၂၀ ဦးကို ဒီလ ၁၅ ရက်နေ့က ရုံးတင်ပါတယ်။ ကျန် နှစ်ဦးကို အမှုပြင်ဆင်ပြီး ဒီလ ၂၉ ရက်နေ့ရုံးတင်မှာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

သူတို့ ၂၂ ဦးအထဲမှ  ပထမ ဖမ်းဆီးခံထားရသူ ၂၀ ဦးအား  ၁၇ (၁) ဖြင့် တရားစွဲဆိုထားကြောင်းနှင့် ရက္ခိုင့်တပ်မတော် (AA) ကို AA သောင်းကျန်းသူများဟုသာ သုံးစွဲရန် ရဲမှူးက ထပ်မံ အတည်ပြု ပြောကြားသည်။

မေလ ၁၄ ရက်နေ့က ထပ်မံ ဖမ်းဆီးခံရသူ နှစ်ဦးကိုလည်း အမှုဖွဲ့နေပြီး ၁၇ (၁) နှင့်ပင် တရားစွဲဆိုသွားမည်ဟု ပြောဆိုသည်။

ယခု ဖမ်းဆီးခံရသူများမှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင် အပါအဝင် နယ်မြေစုံက ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

“ရှေ့နေတွေ ငှားရမ်းခွင့်ရပါတယ်။ ပွင့်ပွင့်လင်းလင်းပဲ စစ်ဆေး စီရင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှေ့နေတွေ အကုန်လုံး ငှါးရမ်းခွင့်ရှိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ မိသားစု အချို့နှင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသဖြင့် ဖမ်းဆီးခံ မိသားစုများဘက်မှ အမြင်နှင့် သဘောထားများကို တင်ပြနိုင်ခြင်း မရှိပါ။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...