ရသေ့တောင်နှင့် ဂွမြို့ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်

ရသေ့တောင်နှင့် ဂွမြို့ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မှ ရသေ့တောင်မြို့နှင့် ဂွမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အဖွဲ့အစည်း နှစ်ခုမှ တာဝန်ယူ ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ကိုယ်စားပြု လူရည်ချွန်များအား ဂုဏ်ပြုပွဲနှင့် ရပ်မိရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောဆိုသည်။

ယခုလက်ရှိတွင် ရသေ့တောင်မြို့ကို စံပြမြို့ အဖြစ် UNDP (United Nations Development Programme) က တာဝန်ဆောင်ရွက်လျက်ရှိပြီး၊ ဂွမြို့နယ်ဖွံ့ဖြိုးရေးအတွက် နယူးဇီလန်နိုင်ငံက တာဝန်ယူ လုပ်ဆောင်ပေးသွားမည်ဟု ပြောဆိုသည်။

ရသေ့တောင်နှင့် ဂွမြို့တို့မှာ ရခိုင်ပြည်နယ်အတွင်း တိုးတက်မှု နှေးကွေးနေသော မြို့များဖြစ်ပြီး ထိုမြို့ နှစ်မြို့ တိုးတက်ရေးကို နိုင်ငံတကာ အကူအညီဖြင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပုဏ္ဍားကျွန်း စက်မှုစီမံကိန်းအတွက် လျှောက်ထားသော ကုမ္ပဏီနှစ်ခုရှိပြီး ထိုအထဲမှ တစ်ခုကို ရွေးချယ်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက လူငါးသောင်းမှ တစ်သိန်းထိ အလုပ်ခန့်ထားနိုင်မည် ဖြစ်ကြောင်း၊ လစာကို နိုင်ငံတကာ စံနှုန်းအတိုင်း ပေးနိုင်အောင် စီစဉ်သွားမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ရှိ သီလဝါ ဆိပ်ကမ်း၌ တန်ချိန် ၈ သောင်းရှိ သင်္ဘောများသာ ဆိုက်ကပ်နိုင်ပြီး၊ တန်ချိန် ၃ သိန်းရှိ သင်္ဘောများဆိုက်ကပ်နိုင်သော တစ်ခုတည်းသော ရေနက်ဆိပ်ကမ်းမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည် ရေခံမြေခံကောင်း၍ တိုးတက်ဖို့ အလားအလာကောင်းသော ဒေသတစ်ခုဖြစ်သည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...