ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း အစိုးရမှ တရားဝင် သတင်းထုတ်ပြန်

ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်နှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကြောင်း အစိုးရမှ တရားဝင် သတင်းထုတ်ပြန်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် ( Arakan Army) အကြား  ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းကို မြန်မာအစိုးရမှ ဧပြီလ ၁၈ ရက်နေ့က တရားဝင် သတင်းထုတ်ပြန်သည်။

မြန်မာ အစိုးရမှ ထုတ်ပြန်သော သတင်းတွင် တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းစဉ် ဧပြီလ ၁၇ ရက် နံနက်ပိုင်းတွင် ကျောက်တော်မြို့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ ပင်လုံကျေးရွာအနီး၌ တစ်ကြိမ်၊ ဧပြီလ ၁၇ ရက်နေ့ ညနေပိုင်းတွင် အောင်လံချောင်း ကျေးရွာအနီးရှိ တောင်ကုန်းပေါ်တွင် နေရာယူထားသော ရက္ခိုင့်တပ်မတော် အင်အားအချို့နှင့် တစ်ကြိမ် ထပ်မံ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ရက္ခိုင့်တပ်မတော်မှ တပ်ဖွဲ့ဝင်များမှာ မြောက်ဘက်သို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

တိုက်ပွဲများကြောင်း ရက္ခိုင့်တပ်မတော်ဘက်မှ ပြောက်ကျား ကျော့ပိုးအိတ် ၂ လုံး၊ မြန်မာကျပ်ငွေ ၁၂၀၀၀၀၊ iPad ၁ လုံး၊ Huawei တယ်လီဖုန်း ၁လုံး၊ သံလိုက်အိမ်မြှောင် ၁ ခု၊ ဟန်းကော ၁ လုံး၊ အရပ်ဝတ် အကျီီ ၃ ထည်တို့အား သိမ်းဆည်းရမိကြောင်း သတင်းတွင် ဖော်ပြသည်။

ယခု တိုက်ပွဲများမှာ ကျောက်တော်မြို့ မြောက်ဘက် ၁၄ မိုင်အကွာခန့်တွင် တည်ရှိသော ပင်လုံ၊ စပါးဆိပ်နှင့် အောင်လံချောင်းကျေး ရွာအနီးတွင် ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...