“ထူးထက်အောင်(၃၆)” အမည်ရ ယင်း စက်လြှေကီးသည် ဧပြီလ ၈ ရက် ညနေ ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ငါးဖမ်းပိုက်များကို သိမ်းဆည်းပြီးနောက် ကမ်းခြေသို့ မောင်းနှင်နေစဉ် ပဲ့ပိုင်းစက်ခန်းအတွင်းသို့ ရုတ်တရက် ရေများ ၀င်ရောက်လာပြီး နစ်မြုပ်သွားခဲ့သည်ဟု ပဲ့နင်းကြီး ဦးကျော်ရွှေက ပြောသည်။
“မောင်းနှင်နေစဉ်မှာ ပဲ့ပိုင်းစက်ခန်း အတွင်း ရုတ်တရက် ရေဝင်လာပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ နစ်မြုပ်သွားခဲ့တာ ဖြစ်တယ်” ဟု ပဲ့နင်းကြီး ဦးကျော်ရွှေက နိရဥ္စရာ ပြောသည်။
ငါးဖမ်းစက်လှေပေါ်တွင် ပါလာသူ ၁၆ ဦး စလုံးအား အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ကျောက်ဖြူ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုပြောကြားသည်။
“ငါးဖမ်းစက်လှေ စတင်နစ်မြုပ်တဲ့ အချိန်မှာ အနီးအနားမှာ ရှိတဲ့ ငါးဖမ်းစက်လှေတွေက ဓညဝတီ ရေတပ် စခန်းဌာနချုပ်မှ စစ်ရေယာဉ်အမှတ် ၅၉၉ ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကူအညီ တောင်းခံခဲ့တယ်လို့ သိရပါတယ်။ စတင်နစ်မြုပ်ပြီး မိနစ် ၂၀ခန့်အကြာမှာ စစ်ရေယာဉ် အမှတ် ၅၅၉ က စစ်ရေယဉ်မှူး ဗိုလ်မှူး မိုးကျော်လွင် ဦးစီးတဲ့ အဖွဲ့ က ရောက်ရှိလာပြီး လှေလုပ်သား ၁၆ ဦး စလုံးကို အသက်ရှင် ကယ်တင် နိုင်ခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။
နစ်မြုပ်သွားသည့် ငါးဖမ်းစက်လှေမှာ အလျား ၈၃ပေ၊ အနံ၂၂ပေ၊ ရေစူး ၁၂ပေခန့်ရှိပြီး CUMMINS 500 BHP အမျိုးအစားအင်ဂျင် သစ်သားကိုယ်ထည်ဖြစ်ပြီး ငါးပိသဿချိန် ၁၅၀၀ခန့်ပါရှိ၍ စက်လှေပိုင်ရှင်မှာ ဦးသန်းရှိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဖြစ်ကြောင်းသိရပါသည်။
၎င်းငါးဖမ်းစက်လှေသည် လွန်ခဲ့သော ရလခန့်မှစ၍ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ငါးဖမ်းလုပ်ငန်းများကို လာရောက်လုပ်ကိုင်နေကြောင်းသိရပါသည်။ လှေလုပ်သားအားလုံးမှာ ပြည်မမှ လာရောက် လုပ်ကိုင်သူများဖြစ်သည်။
အသက်ဘေးမှ လွှတ်မြောက်လာသူ လှေလုပ်သား ၁၆ ဦးအား ဧပြီလ ၉ က ကျောက်ဖြူ ခရိုင်တာဝန်ရှိသူများမှ စစ်ရေယာဉ် အမှတ်၅၅၉ သို့ စက်လှေဖြင့်သွားရောက်ခဲ့ပြီး လွှဲပြောင်းလက်ခံ ယူဆောင်ခဲ့သည်ဟု သိရသည်။Bottom of Form







