အောင်တံခွန်-၃ နစ်မြုပ်မူ၌ပါ၀င်သူ မိသားစုများအတွက် ကျပ်သိန်း (၂၃၀) စုပေါင်းလှူဒါန်း

အောင်တံခွန်-၃ နစ်မြုပ်မူ၌ပါ၀င်သူ မိသားစုများအတွက် ကျပ်သိန်း (၂၃၀) စုပေါင်းလှူဒါန်း
by -
နိရဥ္စရာ
တောင်ကုတ်-စစ်တွေ ပြေးဆွဲသည့် အောင်တံခွန် ၃ သင်္ဘော မတ်လ ၁၃ရက်နေ့ နစ်မြုပ်မှုတွင် ပါ၀င်ခဲ့ကြသော မိသားစုများအတွက်  ရခိုင်အမျိူးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ ပြည်တွင်း ပြည်ပ သာသနာပြု ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယဝံသ အလိုတော်ပြည့်ဆရာတော်ကြီအား အမှူးထားပြီး ကျပ်ငွေသိန်းပေါင်း (၂၃၀) လှူဒါန်းခဲ့သည်ဟု သိရသည်။

ယင်းလှူဒါန်းမှုအား ရခိုင်အမျိူးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ နာယက ဦးကုမာရ၏ ဦးစီဆောင်မူဖြင့် စစ်တွေမြို့ ဦးဥတ္တမခမ်းမတွင် မတ်လ ၃၀ ရက် ည ၄ နာရီအချိန်က အခမ်းအနားပြုလုပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ ပြည်တွင်း ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တအရိယဝံသ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ မြို့မိမြို့ဖများ၊ ရခိုင်အမျိူးသား လူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ အသင်းသူ အသင်းသားများ တက်ရောက်ခဲ့ကြသည်။

အလိုတော်ပြည့်ဆရာတော်ကြီးမှ ရခိုင်အမျိူးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) မှ လှူဒါန်းငွေ ကျပ်သိန်း (၂၀၀) နှင့် စစ်တွေဟိုတယ်ဝန်ထမ်းမိသားစုတို့က ကျပ်သိန်း (၃၀)၊ စုစုပေါင်း ကျပ်သိန်း (၂၃၀)အား လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ လက်ခံခဲ့သည်။

အခမ်းအနားတွင် ပြည်တွင်း ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်ကြီးက လှူဒါန်းရသည့် အကြောင်းရင်းများကို တက်ရောက်လာသူဒေသခံပြည်သူများအား ပြောကြားခဲ့ပြီး  ဆုံးမသြဝါဒ ပေးခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချူပ်က ယခု အဖြစ်ဆိုးအတွက် ၀မ်းနည်းရပါကြောင်း၊ နောက်နောင် ယခုလို အဖြစ်ဆိုးများ မဖြစ်ရအောင် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနားတွင် ရခိုင်အမျိူးသားလူမူကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) က နာယက ဦးကုမာရ၊ ဒုတိယဥက္ကဋ္ဌ ကိုသန်းဆွေ နှင့် ဥပဒေအကြံပြု ကိုမြင့်မောင်ဌေးတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...