ဘင်္ဂလားဒေ့ချ်-မြန်မာ နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်

ဘင်္ဂလားဒေ့ချ်-မြန်မာ နယ်စပ်တွင် ရက္ခိုင့် တပ်မတော်နှင့် မြန်မာတပ်မတော်တိုက်ပွဲဖြစ်
by -
နိရဥ္စရာ
ဘင်္ဂလား မြန်မာနယ်စပ်တွင် ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်အကြား နှစ်ပေါင်း ၁၀ ကျော််ခန့် ပစ်ခတ်မှု ရပ်စဲနေရာမှ ပထမဆုံးအကြိမ်အနေဖြင့် မတ်လ ၂၉ရက်နေ့ နံနက် ၀၀း ၃၀ နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲမှာ ရက္ခိုင့်တပ်မတော်မှ အမှတ် (၅) ဗျူဟာ လက်အောက်ခံ စစ်ကြောင်းနှင့် မြန်မာအစိုးအရမှ အမှတ် (၂၈၉) တပ်ရင်းတို့အကြား ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရက္ခိုင့်တပ်မတော် သတင်းထုတ်ပြန်သည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သတ်ပြီး ရက္ခိုင့်တပ်မတော် ဒုစစ်ဦးချုပ် ဒုတိယ ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်အား  နိရဥ္စ ရာမှ ဆက်သွယ်မေးမြန်းရာ သူက ယခုကဲ့သို့ ပြောသည်။

“တိုက်ပွဲ ဖြစ်တဲ့နေရာက ပလက်ဝကနေ အနောက်ဘက်ကျပြီး ကျောက်တော်ကနေ မြောက်ဘက်ကျတဲ့ နေရာ မှာပါ။ အခုလောလောဆယ်က ဒီလောက်ဘဲ ပြောလို့ရပါတယ်။ ကျွန်တော်တို့ နောက်ဆုံးရတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ဘက်က အထိအခိုက်မရှိဘူး။ ရန်သူဘက်က ဗိုလ်ကြီးအဆင့်ရှိတဲ့သူ တစ်ဦးနဲ့ သူ့ရဲဘော် အလောင်းတစ်လောင်းမိတယ်။ နောက် လက်ရ ၂ ယောက် ဖမ်းမိထားတယ်” ဟုဆိုသည်။

တိုက်ပွဲတွင် ရက္ခိုင့်တပ်မတော်မှ ပွိုင့် ၄၅ တစ်လက်၊ MA-1 (၂)လက်၊ MA-3 (၁)လက်နှင့် ကျဉ်မျိုးစုံ အပါအဝင် စစ်အသုံးအဆောင်များကို သိမ်းဆည်းရထားကြောင်းလည်း သူကဆက်လက် ပြောသည်။

“တိုက်ပွဲက မနေ့ကည ၁၂နာရီကျော်လောက်မှာ ဖြစ်တာပါ။ နာရီဝက်လောက်ကြာတယ်။ ရန်သူက
စခန်းကို စွန့်သွားတဲ့အတွက် ရန်သူစခန်းက လိုအပ်တာတွေကိုသိမ်းယူနိုင်ခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ယခုအခါ မြန်မာစစ်တပ်မှ စစ်အင်အားတိုးလာနေသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း လည်း ဒေါက်တာ ညိုထွန်းအောင်က ဆိုသည်။

ဘင်္ဂလားဒေ့ချ်-မြန်မာနယ်စပ် အနောက်ဘက်ဒေသတွင် ရခိုင်လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားမှုမှာ ယခင်ကာလက တည်ရှိခဲ့သည်။

ရက္ခိုင့်တပ်မတော်ကို ၂၀၀၈ခုနှစ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိမ်းချုပ်နယ်မြေတွင် စတင်တည်ထောင်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို KIA နှင့်ပူးတွဲလုပ်ဆောင်ခဲ့သည်။

ရက္ခိုင့်တပ်မတော်အနေနှင့် ယခုအခါ ဘင်္ဂလားဒေ့ချ်-မြန်မာနယ်စပ်တွင် တပ်ဖွဲ့ဝင်အချို့ အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားမှုကိုပါ သီးခြားတိုးချဲ့လာနေကြောင်း သိရသည်။

ဘင်္ဂလား မြန်မာနယ်စပ်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)နှင့် ရက္ခိုင့်တပ်မတော်တို့ အခြေစိုုက်လှုပ်ရှားနေပြီး ALP မှာ မြန်မာအစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးကို ၂၀၁၂ ဧပြီလ ၅ရက်နေ့က စစ်တွေမြို့တွင် သဘောတူလက်မှတ် ရေးထိုးထားသည်။

မြန်မာတပ်မတော်ဘက်မှ ယခုတိုက်ပွဲနှင့် ပတ်သက်ပြီး သဘောထားကို သိရှိနိုင်ရန် တာဝန်ရှိသူများနှင့် ဆက်သွယ်ရန် ကြိုးစားသော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...