KWO ညီလာခံ ကျင်းပရန် အစည်းအဝေး စတင်

KWO ညီလာခံ ကျင်းပရန် အစည်းအဝေး စတင်
by -
ကေအိုင်စီ

ယခုလ ဇန်နဝါရီ ၂၈ ရက်နေ့၌ ပြုလုပ်မည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO (၆)ကြိမ်မြောက် ညီလာခံ အတွက် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်း ရှိ လေးဝါးနေရာတွင် ယနေ့ KWO ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးတရပ် စတင်ကျင်းပခဲ့သည်။

28025

၎င်းအစည်းအဝေးပွဲတွင် KWO ဥက္ကဌ နော်လားဖိုး၊ ဒုဥက္ကဌ နော်ဖောဒေးတိုး၊ အထွေထွေအတွင်းရေးမှူးချုပ် နန်းဒါးအဲ့ကလယ်၊ တွဲဘက်အတွင်းရေးမှူး(၁) နော်ဘလူးမင်နိုက်ဇံကနှင့် တွဲဘက်အတွင်းရေးမှူး(၂) နော်တာမ လာစော တို့အပါအဝင် ခရိုင်နှင့် တပ်မဟာ ရ ခုမှ ကိုယ်စားလှယ်စုစုပေါင်း ၂၅ ဦး တက်ရောက်ဆွေးနွေးခဲ့ကြ KWO ၏ ပြောခွင့်ရသူ နော်စေးစေးဟဲက ကေအိုင်စီသို့ ပြောသည်။

“လောလောဆယ်မှာ အစည်းအဝေးက ဒီ KWO ကွန်ဂရက် (ညီလာခံ)လုပ်မယ့် ကိစ္စတို့ပေါ့။ အသေးစိတ်တော့ မပြောပြစေချင်သေးဘူး။ ပြီးတော့ ကွန်ဂရက် တက်ရောက်မယ့် ကိုယ်စားလှယ်တွေကလည်း အကုန်မရောက် လားသေးဘူး”ဟု နော်စေးစေးဟဲက ပြောသည်။

အစည်းအဝေးကို ဇန်နဝါရီလ ၂၅ ရက်အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ တွင် KWO ၏ ညီလာခံ စတင်ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။

အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်း၊ အမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးချိုးဖောက်ခံရမှု များ ပပျောက်ရေးအတွက် ရည်ရွယ်၍ KWO ကို ၁၉၈၅ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ် ဟောင်း မာနယ်ပလောတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လေးနှစ်တစ်ကြိမ် ညီလာခံ ကျင်းပလျှက်ရှိသည်။

Most read this week