Published
Tuesday, September 22, 2026
မယ်ဆိုင်ဘက်ကနေ ကုန်သယ်ခွင့်တင်းကျပ်နေတာကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေမြင့်တက်
- ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကနေ ကုန်သယ်ခွင့်တင်းကျပ်နေတာကြောင့် သယ်ယူပို့ဆောင်ရေးအတွက် ခက်ခဲလာပြီး ကုန်ဈေးနှုန်းတွေမြင့်တက်နေတယ်လို့ ဆိုပါတယ်။
- ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် နားကောင်းမူးကျေးရွာမှာ ထိုင်းဘတ်ငွေအတု အသုံးပြုသူတွေများပြားလာတာကြောင့် ပြည်သူတွေ စီးပွားရေးထိခိုက်မှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
- ရိုးရာယဉ်ကျေးမှုထိန်းသိမ်းဖို့နဲ့ လူငယ်အချင်းချင်းချစ်ခင်ရင်းနှီးစေဖို့ဆိုပြီး ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်ဒေသမှာ ရိုးရာအကနဲ့ အိုးစည်ဗုံမောင်းတီးခတ်တဲ့သင်တန်း ဖွင့်လှစ်ခဲ့ပါတယ်။






