ဖရူဆိုတွင် စခန်းတစ်ခု ဒရုန်းဗုံးကြဲခံရ၍ ရဲဘော် ၅ ဦး ကျဆုံး

ဖရူဆိုတွင် စခန်းတစ်ခု ဒရုန်းဗုံးကြဲခံရ၍ ရဲဘော် ၅ ဦး ကျဆုံး

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ရဲဘော် ၅ ဦး ကျဆုံးခဲ့ရသလို စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း စစ်အုပ်စုတပ်က ဖယ်ခုံ-မိုးဗြဲအစပ်ဒေသများကို 

လေကြောင်းမှ ထပ်မံဗုံးကြဲခဲ့ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

ဖရူဆိုမြို့နယ်၊ မိုဆိုရွာ မယ်တော်ဂူအနီးရှိ တော်လှန်ရေးအင်အားစုတစ်ခု၏ တပ်စခန်းအား စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက လေကြောင်းမှ ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ တပ်ခွဲမှူးတစ်ဦး အပါအဝင် ရဲဘော် ၅ ဦး ကျဆုံးသွားခဲ့ ခြင်းဖြစ်သည်။

ထိုသို့ ဒရုန်းဗုံးကြဲခံရသည့် တပ်စခန်းမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ကာကင်းစခန်း တစ်ခု ဖြစ်သည်ဟု သတင်းထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ထို့ပြင် စက်တင်ဘာလ ၁၈ ရက်နေ့တွင်လည်း စစ်အုပ်စုတပ်က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ-မိုးဗြဲ အစပ်နေရာ များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ခုက “ဒီနေ့ကတော့ ရှမ်းနယ်စပ် ဖယ်ခုံ အနောက်ခြမ်းမိုးဗြဲနယ်ထဲ ကြဲနေပါ တယ်။ အခြေအနေကတော့ ဆက်မသိရသေးဘူး။ လေယာဉ်နဲ့ပါ။ မနေ့ကတော့ KNDF စခန်းကို ကြဲသွားတာ ပါ။ ခွဲမှူးအပါအဝင် ငါးဦးကျပါတယ်။ တခြားထိခိုက်မှုတော့မရှိပါဘူး” ဟု စက်တင်ဘာလ ၁၈ ရက်နေ့က ပြောသည်။

စစ်အုပ်စုတပ်သည် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် နယ်မြေများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်မှုများ ရှိနေသဖြင့် ယခု စက်တင်ဘာလအတွင်း ဖရူဆိုနှင့် ဒီမော့ဆို အပါအဝင် မြို့နယ်အချို့၌ စစ်အုပ်စုတပ်နှင့် ကရင်နီအခြေစိုက် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း ဒီမော့ဆိုမြို့နယ်အတွင်းရှိ မိဘမဲ့ဂေဟာတစ်ခုသို့ စစ်အုပ်စုတပ် က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်အုပ်စုကို အသိအမှတ်မပြုရန် မြန်မာပြည်သူများ လက်မှတ်ရေးထိုးထားသည့် တောင်းဆိုလွှာများ ကို ဂျပန်လွှတ်တော်အမတ်များနှင့် ဂျပန်ရောက် မြန်မာများက ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ သွားရောက် ပေးအပ်စဉ်။
September 18, 2026
နိုင်ငံကူးလက်မှတ် (ပတ်စပို့) သက်တမ်းကုန်ဆုံးနေသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့်...
September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန် မဲနှိုက်ရမည်ဟု ဆိုသော်လည်း လက်တွေ့တွင်...
September 17, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်အတွင်း စစ်အုပ်စုတပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များအကြား စက်တင်ဘာ ၁၆...
September 16, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံပေါက် (ရှေ့) ရွာကို စစ်အုပ်စုတပ်က ဂျိုင်ရိုကော်ပတာ ၂ စီးဖြင့်...