ညောင်ကျိုးတိုက်ပွဲတွင် စစ်အုပ်စု ဗိုလ်မှူးတစ်ဦး သေဆုံး၊ AA က ထောက်ပို့စခန်း သိမ်းပိုက်

ညောင်ကျိုးတိုက်ပွဲတွင် စစ်အုပ်စု ဗိုလ်မှူးတစ်ဦး သေဆုံး၊ AA က ထောက်ပို့စခန်း သိမ်းပိုက်

ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းတပ်နယ် ညောင်ကျိုးရိုးပေါ်တိုက်ပွဲတွင် စစ်အုပ်စုတပ်မှ ဗိုလ်မှူးတစ်ဦး သေဆုံးသွားသည့်အပြင် ပွိုင့် (၆၆၆) စခန်းကို ထိုးစစ်ဆင်လာသည့် စစ်ကြောင်း ဝင်ရောက်နားခိုသည့် ထောက်ပို့ စခန်းတစ်ခုကိုလည်း အာရက္ခတပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ညောင်ကျိုးရိုးပေါ် တိုက်ပွဲတွင် သေဆုံးခဲ့သည့် ဗိုလ်မှူး ဝေကမ္ဘာစိုးမှာ စစ်တက္ကသိုလ် (အပတ်စဉ်- ၅၂) ဆင်းဖြစ် ပြီး ပန်းတောင်းအခြေစိုက် ခလရ (၉၂) မှဖြစ်ကာ တပ်ချုပ်၏ ချီးကျူးဂုဏ်ပြုလက်မှတ် ရရှိထားဖူးသူလည်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်၏ စစ်ရေးသုံးသပ်ချက်အရ သိရသည်။

“ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်းတပ်နယ် ညောင်ကျိုး ရိုးပေါ်မှာ မတ်စိကိုက်ခဲ့တဲ့ မေဂျာ ဝေကမ္ဘာစိုး (စတသ ၅၂) ဆိုသူဟာ ပန်းတောင်း အခြေစိုက် ခလရ ၉၂ က ဖြစ်ပါတယ်။ ၎င်းအရာရှိဟာ အာဏာသိမ်း ကာ လအတွင်းမှာ တပ်ချုပ်ရဲ့ ချီးကျူးဂုဏ်ပြုလက်မှတ် ရရှိထားဖူးသူလဲ ဖြစ်ပါတယ်။ စစ်လော်ဘီတွေ ဆင်လန် ဘက်ခြမ်းမှာ ခြေကုပ်စ ခန်းတစ်ခုကို ပြန်လည်ရရှိခဲ့တယ်ဆိုတဲ့ မဟုတ်မမှန် ဝါဒဖြန့်ချိနေစဉ် ကာလအတွင်း လက် နက်ကြီးအစ ထိမှန်ခဲ့ခြင်း ဖြစ်ပါတယ်။”

ထို့ပြင် CDM ဗိုလ်ကြီး ဇင်ယော်က "လက်ရှိ ညောင်ကျိုးနယ်မြေမှာတော့ မြေပြင်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက် နေခဲ့ပေမယ့် အကြမ်းဖက် တပ်ဘက်က တိုက်စစ်ဆင်လာဖို့ စုဖွဲ့ ပြင်ဆင်နေတာကို တွေ့ရှိရပါတယ်လို့လည်း ဖော်ပြထားပါတယ်" ဟု ဆက်ပြောသည်။

ပန်းတောင်းမြို့နယ်အတွင်း တိုက်ပွဲများမှာ ဖြစ်လိုက် ရပ်နားလိုက် ဖြစ်ပေါ်နေသလို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု၊ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်မှုများမှာလည်း နေ့စဉ်လိုလို ရှိနေကြောင်း ဒေသတွင်းသတင်းများ အရ သိရသည်။

ကပစ (၁၆) ၏ အမာခံစခန်းကုန်းဖြစ်ပြီး လက်ရှိတွင် အာရက္ခတပ်တော် ထိန်းချုပ်ထားသော ပွိုင့် (၆၆၆) စခန်း ကို စက်တင်ဘာလ ၄ ရက်နေ့မှစ၍ အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာသည့် စစ်အုပ်စုတပ် စစ်ကြောင်း သည် စက်တင်ဘာလ ၁၄ ရက်နေ့၌ တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး အထိနာကာ ဆုတ်ပြေးခဲ့ရသည်။

ထိုသို့ ဆုတ်ပြေးစဉ် လမ်း၌ စစ်ကြောင်း တထောက်နားသည့် ထောက်ပို့စခန်းကုန်းသို့ AA က လိုက်လံတိုက် ခိုက်၍ လက်နက်ခဲယမ်းများနှင့်တကွ တက်ရောက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ခုက "စကမ တပ်တွေက စစ်ကြောင်းလိုက်တက်လာတာ။ နှစ်ဖက်တိုက်ပွဲ ဖြစ်ကြ တယ်။ အဲဒီမှာစကမဖက်က အထိနာတော့ တိုက်ပွဲဖြစ်ရင်းနဲ့ထွက်ပြေးကြတယ်။ တစ်မိုင်ကျော် အကွာမှာ သူတို့ ထောက်ပို့စခန်းရှိတယ်။ အဲဒီစခန်းကိုဝင်ခံတယ်။ အဲဒီစခန်းမှာ AA ဘက်က ချေမှုန်းရေးတပ်ဖွဲ့ လိုက်လာတော့ စစ်ကြောင်းနဲ့ တိုက်ပွဲထပ် ဖြစ်တယ်။ အခုတော့ အဲဒီထောက်ပို့စခန်းပါ သိမ်းထားပြီ” ဟု ပြောသည်။

အလားတူ စစ်အုပ်စုတပ်သည် ဆင်လန်စခန်းမှတစ်ဆင့် ထောက်ပို့ပြုလုပ်ကာ လေလာတောင်မှတစ်ဆင့် AA သိမ်းပိုက်ထားသော ညောင်ကျိုးကို ထိုးစစ်ဆင်နေသော်လည်း AA ၏ အပြင်းအထန် ခုခံတိုက်ခိုက်မှုကြောင့် အကျအဆုံးများပြီး ထိုးစစ်ရပ်တန့်လျက်ရှိသည်။

“ညောင်ကျိုးဘက်မှာလည်း ဖြစ်တော့ နေ့တိုင်းဖြစ်နေကြတယ်။ စကမဖက်က ထိုးစစ်ကို AA ဖက်က တက် လာ ရင်ပစ်ချပေါ့။ ထိခိုက်သေဆုံးမူလည်း များနေပြီ။ ရှေ့လည်း မတိုးနိုင်ဘူး။ တိုက်ပွဲအတွင်းဆိုတော့ တက် လာတဲ့ စစ်သားတွေက သေဆုံးပြီး နှစ်ဖက်တိုက်ပွဲကြားမှာ ကျန်နေခဲ့တယ်။ အလောင်းတွေ ကောက်မယ့်သူ မရှိ လို့ ပုပ်ပွနေတာတွေ တစ်ပုံကြီး” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်အုပ်စုတပ်သည် စစ်ရေးအတွေ့အကြုံမရှိသော ပြည်သူ့စစ် စစ်မှုထမ်းသင်တန်းသားသစ်များကို အသေခံ ရှေ့တန်းတင် တိုက်ခိုက်ခိုင်းနေပြီး တက်လာသော စစ်သားများကို AA ဘက်က အသင့်စောင့် ပစ်ခတ်နေသည့် အတွက် စစ်မြေပြင်တွင် စစ်အုပ်စုတပ်ဘက်မှ အလောင်းများ စွန့်ပစ်ကျန်ရစ်ခဲ့ရခြင်း ဖြစ်ကြောင်း ဆိုသည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...