လွိုင်ကော်အရှေ့ခြမ်းတွင် လုံခြုံရေးကြောင့် စစ်ဘေးရှောင်များ ထပ်မံ ရွှေ့ပြောင်းနေရ

လွိုင်ကော်အရှေ့ခြမ်းတွင် လုံခြုံရေးကြောင့် စစ်ဘေးရှောင်များ ထပ်မံ ရွှေ့ပြောင်းနေရ
ဓာတ်ပုံ - Kantarawaddy Times
ဓာတ်ပုံ - Kantarawaddy Times

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းတွင် စက်တင်ဘာလ ပထမပတ်မှစ၍ စစ်အုပ်စုတပ်၏ တိုက် ခိုက်မှုများ ပိုမိုများပြားလာသောကြောင့် စစ်ဘေးရှောင် ပြည်သူများ ထပ်မံရွှေ့ပြောင်းနေကြရကြောင်း ဒေသ တွင်း နီးစပ်သူများထံမှ သိရသည်။

ဒေသတွင်း လုံခြုံရေးအခြေအနေနှင့် အခြားအကြောင်း အမျိုးမျိုးကြောင့် လွိုင်ကော်မြို့တွင်းသို့ ပြန်လည်ဝင် ရောက်လာသူများလည်း ရှိနေကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ အတွင်းရေးမှူး (၂) ဦးဗညားက ပြောသည်။

“ကျနော်တို့ မြို့နယ်နဲ့ ချိတ်ပြီး သိတာတော့ရှိတယ်။ အဓိကကတော့ အရင်အပတ်တွေက ဒရုန်းတွေရော၊ စစ် ကြောင်းတွေရော၊ လေယာဉ်တွေရော တချို့ ပါလောင်းတို့၊ ဒေါတရိုးဖက် ရှောင်တဲ့လူ တော်တော်များများ၊ ထက်ဝက်နီးပါးလောက် ပြောတာပေါ့နော်၊ လွိုင်ကော်ထဲ ပြန်ဝင်သွားတယ်ဆိုတာတော့ သိရပါတယ်။ ဒီရက် ပိုင်း မတိုင်ခင် လွိုင်ကော်မြို့ထဲ ပြန်ဝင်သူတွေကို ဖမ်းဆီးတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ ရှိတာတော့ ကြား ထားတာရှိပါတယ်” ဟု ဦးဗညားက ပြောသည်။

လွိုင်ကော်မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို စစ်အုပ်စုတပ်ဘက်က စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီး ခြင်းများ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများ၏ အခြေအနေများအပြင် တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှု အခြေအနေများကိုပါ မေးမြန်းစစ်ဆေးမှုများ ရှိခဲ့သည်။

လွိုင်ကော်မြို့နယ်အတွင်း စက်တင်ဘာလအစောပိုင်းကတည်းက စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ရန် မြေပြင်ထိုးစစ်အပြင် လေကြောင်း နှင့် ဒရုန်းအသုံးပြု တိုက်ခိုက်မှုများကိုပါ ပြုလုပ်လာကြောင်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှ အုပ်ချုပ်ရေး တာဝန်ရှိသူ အမျိုးသားတစ်ဦးက ဆိုသည်။

“ကျနော်တစ်ယောက်အမြင်က လွိုင်ကော်အရှေ့ဘက်ခြမ်း တောင်ကုန်းတကြော လွှမ်းမိုးနိုင်ဖို့ ဖြစ်နိုင်တာပေါ့ နော်။ ပြီးတော့ ပြည်သူတွေကိုလည်း မြို့ထဲ ပြန်ဝင်နိုင်အောင်လည်း ဖြစ်နိုင်တာပေါ့နော်။ အရင်တခေါက် တော် လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တော့ သူတို့အကျအဆုံးများတော့ အသေခံဒရုန်းနဲ့လာလိုက်၊ လေယာဉ်နဲ့ လာကြဲ လိုက် အဲ့လိုတော့ ရှိတယ်” ဟု အဆိုပါ အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောသည်။

လွန်ခဲ့သည့် စက်တင်ဘာ ၄ ရက်မှ ၈ ရက်နေ့အတွင်းကလည်း စစ်အုပ်စုတပ်က လွိုင်ကော်မြို့နယ် အရှေ့ခြမ်းနှင့် ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ်အတွင်းသို့ လေကြောင်းနှင့် ဒရုန်းအသုံးပြု၍ တိုက်ခိုက်ခဲ့သဖြင့် ကလေး ငယ်များ အပါအဝင် အရပ်သား ၅ ဦး သေဆုံးကာ အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ တိုက် ခိုက်မှုများကြောင့် အရပ်သား နေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်။

လက်ရှိတွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် လူဦးရေစာရင်းကို မပြုစုနိုင်သေးသကဲ့သို့ မြေပြင်အခြေအနေ သို့လည်း လက်လှမ်းမမီနိုင်သေးကြောင်း လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်း အုပ်ချုပ်ရေးတာဝန်ရှိသူထံမှ သိရသည်။

Most read this week

ကရင်နီပြည်၊ ဟိုယာဒေသအား ဤမတိုင်မီ ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။ / Crd
September 18, 2026
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစား ခနောက်...
Photo - Crd
September 17, 2026
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့ အနောက်ဘက်ခြမ်းတွင် ယနေ့ စက်တင်ဘာ ၁၇ ရက်အထိ စစ်အုပ်စုတပ်က ဒရုန်း...
September 17, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ မိဘမဲ့ဂေဟာအနီးသို့ စစ်အုပ်စုတပ်က စက်တင်ဘာ ၁၆...
September 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို စစ်အုပ်စုတပ်က လေကြောင်းမှ...