ငဝန်တာကျိုးပေါက်နေရာ ပိုကျယ်လာ၍ ဒေသခံများ ရွှေ့ပြောင်းနေရ

ငဝန်တာကျိုးပေါက်နေရာ ပိုကျယ်လာ၍ ဒေသခံများ ရွှေ့ပြောင်းနေရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ လက်ရှိတွင် ကျိုးပေါက်နေရာ ပိုမိုကျယ်ပြန့်လာပြီး ရေဝင်ရောက်မှု များပြားလာသဖြင့် ဒေသခံများ အချိန်မီ ရွှေ့ပြောင်းနေကြရသည်။

စက်တင်ဘာလ ၁၁ ရက်တွင် တာဘောင်ကျိုးပေါက်သည့်နေရာမှာ ပေ ၅၀ ခန့်အထိ ပိုမိုကျယ်ပြန့်လာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။ လက်ရှိတွင် ရေထရက် ဖြစ်နေသောကြောင့် ကျိုးပေါက်သွားသည့် တာဘောင်အား ပြန်လည်ပိတ်ဆို့ရန် ကြန့်ကြာနိုင်သေးကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အဆိုပါ တာဘောင်ကျိုးပေါက်မှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းကမှ ရေပြန်ကျသွားခဲ့သည့် လေးမျက်နှာ၊ အိုင်သပြု နှင့် ငါးသိုင်းချောင်းဘက်အထိ ရေများ လျှင်မြန်စွာ ပြန်လည်ဝင်ရောက်နေပြီး ဒေသခံများမှာ အမြင့်ပိုင်းနေရာ များသို့ အရေးပေါ် ရွှေ့ပြောင်းနေကြရသည်။ ထိုရေဘေးသင့် ပြည်သူများအတွက် အကူအညီများစွာ လိုအပ်လျက်ရှိသည်။

မြေပြင်တွင် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက “ ရေကတော့ပြန်ပိတ်ဖို့မလွယ်လောက်ဘူး၊ ရေ ကဝင်နေတာပဲဗျ။ လက်ရှိ ရေက တက်ပါတယ်။ ရေဘေးရှောင်သူတေလည်းစားစရာပြတ်နေကြပြီ အလှူရှင် တွေလည်းပါးလာပြီ။ လက်ရှိမှာ အချို့နေရာ‌တွေက ပိုခက်ခဲလာတယ်” ဟု ပြောသည်။

ကယ်ဆယ်ရေးစခန်းများနှင့် ဘေးလွတ်ရာများသို့ ရွှေ့ပြောင်းထားရသည့် ရေဘေးသင့် ပြည်သူများအတွက် သောက်သုံးရေ၊ အစားအသောက် အပါအဝင် အရေးပေါ် အကူအညီများစွာ လိုအပ်နေသည်။

လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ (မြစ်ကျိုးရွာအနီး) သည် ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့ကစ၍ ကျိုးပေါက်ခဲ့ခြင်းဖြစ်ပြီး လေးမျက်နှာ အပါအဝင် အနီးအနားရှိ မြို့နယ် ၆ ခုမှ လူဦးရေ သိန်းချီ ရေဘေးသင့်ခဲ့ သလို ဒေသခံများ၏ သီးနှံစိုက်ပျိုးခင်း ဧကသောင်းချီ ပျက်စီးခဲ့ရသည်။

ထို့ကြောင့် ရက်ပေါင်း ၃၉ ရက်ကြာ ပြုပြင်ခဲ့ပြီး ပြင်ဆင်မှု ပြီးစီးကြောင်း ကြေညာပြီးတစ်ရက်အကြာ စက်တင် ဘာလ ၉ ရက် ညပိုင်းတွင် ပြန်လည်ကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။

ပြင်ဆင်ထားသည့် တာဘောင်၏ အတွင်းပိုင်း သံတိုင်အချို့ ကွေးဝင်ပျက်စီးရာမှ တာဘောင် ပေ ၃၀ ခန့် ပြန်လည်ကျိုးကျသွားခဲ့ပြီး ရေများ အရှိန်ဖြင့် ထပ်မံဝင်ရောက်လာပြီးနောက် ပိုမိုကျယ်ပြန့်လာခြင်း ဖြစ်သည်။ ကျိုးပေါက်သွားသည့် နေရာအကျယ်အဝန်း အတိအကျနှင့် ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြား အတည်ပြုနိုင် ခြင်း မရှိသေးပေ။

မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...