အာရက္ခပြည်စာရေးဆရာအသင်းနှင့် ခမီစာပေကော်မတီ စာပေကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်

အာရက္ခပြည်စာရေးဆရာအသင်းနှင့် ခမီစာပေကော်မတီ စာပေကဏ္ဍ ပူးပေါင်းဆောင်ရွက်မည်
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)
ဓာတ်ပုံ -(အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံခဲ့စဉ် / APM)

အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် စာပေရေးရာကဏ္ဍအတွက် ဆက်လက် လက်တွဲဆောင်ရွက်သွား မည်ဟု ရခိုင်မျိုးနွယ်စုဝင် ခမီလူမျိုးများ၏ ခမီစာပေရေးရာကော်မတီက ထုတ်ဖော်ပြောဆိုသည်။

ဩဂုတ်လ ၂၇ ရက်၊ နေ့လယ် ၁ နာရီက အာရက္ခပြည်တစ်နေရာတွင် ကျင်းပသည့် အာရက္ခပြည် စာရေးဆရာ အသင်း (ဗဟို) နှင့် ခမီစာပေရေးရာကော်မတီတို့ တွေ့ဆုံပွဲတွင် ခမီစာပေရေးရာကော်မတီဝင်တစ်ဦးက ယခုကဲ့ သို့ ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် တွေ့ဆုံရသည့် ရည်ရွယ်ချက်မှာ ခမီလူမျိုးစုတို့၏ စာပေယဉ်ကျေး မှုကို ဖော်ထုတ်ထိန်းသိမ်းနိုင်ရန်ဖြစ်ပြီး ခမီလူမျိုးစုများသည် ရှေးယခင်ကပင် အာရက္ခပြည်၏ တော်လှန်ရေး ကဏ္ဍများ၌ ပါဝင်ခဲ့ကြောင်း ခမီစာပေရေးရာကော်မတီဝင်တစ်ဦးက ဆိုသည်။

လက်ရှိတွင်လည်း အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) နှင့် ပူးပေါင်း၍ စာပေရေးရာကဏ္ဍများ၌ အတူတကွ လက်တွဲဆောင်ရွက်နေပြီး ဆက်လက်၍လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

အာရက္ခပြည် စာရေးဆရာအသင်း (ဗဟို) ဥက္ကဋ္ဌကလည်း ခမီစာပေရေးရာကော်မတီနှင့် လက်တွဲ၍ ရှေ့ဆက် လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ထည့်သွင်းပြောဆိုခဲ့သည်။

ခမီအမျိုးသားတစ်ဦးဖြစ်သူ ကိုကောင်းထိုက်က ယခုကဲ့သို့ တွေ့ဆုံခဲ့မှုအပေါ် အလွန်ဝမ်းမြောက်မိကြောင်း ပြောသည်။

“အာရက္ခပြည်မှာ ရှေးယခင်ကပင် ရခိုင်တွေနဲ့အတူ နေထိုင်ကြတဲ့ ကျနော်တို့ ခမီလူမျိုးတွေရဲ့ စာပေယဉ် ကျေးမူတွေကို ဖော်ဆောင်နိုင်ဖို့အတွက် အခုလိုအလေးထားပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေကို မြင်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ အလားတူပဲ ရခိုင်ပြည်မှာရှိတဲ့ မျိုးနွယ်စုများ၏ စာပေယဉ်ကျေးမှုဓလေ့များကို အရင်ကထက် ပိုပြီးတော့ ဖော်ပြနိုင်တာတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒါကြောင့် အာက္ခပြည်က တာဝန်ရှိတဲ့ ခေါင်းဆောင်တွေအားလုံးကို ခမီလူမျိုးတစ်ယောက်အနေနဲ့ ကျေးဇူးတင်ပါတယ်” ဟု ၎င်းက ပြောသည်။

ခမီလူမျိုးများသည် ရခိုင်မျိုးနွယ်ဝင် ၇ မျိုးအနက် တစ်ခုအပါအဝင် ဖြစ်သည်။

အာရက္ခပြည်အတွင်း အမ်း၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ ပေါက်တောနှင့် ရသေ့တောင် စသည့် မြို့နယ်တို့တွင် စုစုပေါင်း လူဦးရေ ၈ သောင်းကျော်ခန့် နေထိုင်ကြသည်။

ခမီလူမျိုးများအပါအဝင် အာရက္ခပြည်တွင်းရှိ ကျန်ရခိုင်မျိုးနွယ်စုများသည်လည်း ယခင်အစိုးရဆက်ဆက်တွင် ၎င်းတို့၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာနှင့် သမိုင်းဆိုင်ရာ အထောက်အထားများကို ဖော်ထုတ်ခွင့် မရရှိခဲ့ကြ ပေ။

ထို့ပြင် အဆိုပါ မျိုးနွယ်စုဝင်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး စသည့် အရေးကိစ္စများတွင် လည်း အဘက်ဘက်မှ နိမ့်ကျခဲ့ရပြီး အစိုးရအဆက်ဆက်၏ လစ်လျူရှုထားခြင်းကို ခံခဲ့ကြရသည်။

August 28, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အာရက္ခ/ရခိုင်ပြည်နှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့တွင်...
August 28, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်အနီး အာရက္ခတပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သော...
ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...