ရခိုင်တွင် လူမှုသဟဇာတဖြစ်ရေး လူမျိုးစုပေါင်းစုံ တိုးမြှင့်လုပ်ဆောင်

ရခိုင်တွင် လူမှုသဟဇာတဖြစ်ရေး လူမျိုးစုပေါင်းစုံ တိုးမြှင့်လုပ်ဆောင်
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)

အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ ဖြစ်ရေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနှင့် ဒေသခံပြည်သူများ စုပေါင်းကာ တိုးမြှင့်လုပ် ဆောင်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများကို ULA/AA အပါအဝင် ရခိုင်၊ မွတ်ဆလင်၊ ဟိန္ဒူ စသည့် စုံလင်ကွဲပြားသည့် လူမျိုးစုများ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးနှင့် ရပ်ကွက်/ကျေးရွာ သန့်ရှင်းသာယာရေး လုပ်ငန်းများအဖြစ် အတူတကွ ဆောင် ရွက်နေကြခြင်း ဖြစ်သည်။

မတူကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများ ပူးပေါင်းလုပ်ဆောင်နေမှုအပေါ် မောင်တောဒေသခံ မွတ်ဆလင်လူငယ် အမျိုးသားတစ်ဦးက “မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနဲ့ လေး စားမှုတွေ တိုးတက်လာစေဖို့ ဒီလို ပူးပေါင်းလုပ်ဆောင်မှုတွေက အရေးကြီးပါတယ်။ အထူးသဖြင့် အတိတ်က ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ မယုံကြည်မှုနဲ့ အကွာအဝေးတွေကို တဖြည်းဖြည်း လျှော့ချနိုင်ဖို့အတွက် အားလုံးပူးပေါင်းပါဝင်တဲ့ လုပ်ဆောင်မှုတွေ ပိုမိုလိုအပ်ပါတယ်” ဟု ပြောသည်။

ဩဂုတ်လ ဒုတိယအပတ်အတွင်းက မောင်တောမြို့နယ်၌ ဘာသာပေါင်းစုံ လူမှုသဟဇာတဖြစ်ရေး ကမ်ပိန်း အဖြစ် ရခိုင်၊ မွတ်ဆလင်နှင့် ဟိန္ဒူလူမျိုးတို့၏ ဘာသာရေးကျောင်းများတွင် အင်အား ၂၄၀ ဦးဖြင့် သန့်ရှင်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကမ်ပိန်းကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကြား အပြန်အလှန် လေးစားအသိအမှတ်ပြုရေးနှင့် စုပေါင်း နေထိုင်ရေး ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဩဂုတ်လ ၁၅ ရက်ကလည်း ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီ (မွတ်ဆလင်) ကျေးရွာတွင် ရေကြီးမှုကြောင့် ပျက်စီးသွားသည့် သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့်အတူ ULA/AA တို့ ပူးပေါင်း၍ သန့်ရှင်း ရေး ပြုလုပ်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက “အာရက္ခဒေသမှာ နေထိုင်တယ်ဆိုရင် မွတ်ဆလင် လူမျိုးတစ်မျိုးတည်းမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ ဒီအာရက္ခပြည်ထဲမှာ နေထိုင်ကြတဲ့ လူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ အခုလို အာရက္ခပြည် ပြန်လည်တည်ဆောက်ရေးမှာ ကျရာ တာဝန်ကနေ ထမ်းဆောင်ကြတဲ့ မွတ်ဆလင်အမျိုးသမီးတွေကိုပါ တွေ့ရတော့ ဝမ်းသာဂုဏ်ယူမိပါတယ်” ဟု ပြောသည်။

စုံလင်ကွဲပြားသည့် လူမျိုးစုများကြား အပြန်အလှန် ယုံကြည်မှုနှင့် တန်းတူညီမျှမှုရှိစေရန် အချိန်ယူ ဆောင်ရွက် ရန် လိုအပ်သကဲ့သို့ ပြန်လည်တည်ဆောက်ရေးတွင် အားလုံး ပါဝင်သင့်ကြောင်း ဒေသခံများက ထောက်ပြ ကြသည်။

မောင်တောမြို့နယ်မှ ရခိုင်ဒေသခံတစ်ဦးက “မောင်တောဒေသဟာ နယ်စပ်ဒေသဖြစ်ပြီး လူမျိုးပေါင်းစုံ၊ ဘာ သာပေါင်းစုံနေထိုင်တဲ့အတွက် AA အနေနဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ စနစ်တကျ ဂရုစိုက် ကိုင်တွယ်နေရတယ်။ ပြည်သူတွေအနေနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေမှာ အခုထက်ပိုပြီး တက်ကြွစွာ ပူးပေါင်းပါဝင် သင့်တယ်လို့ မြင်ပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်း ရခိုင်၊ မွတ်ဆလင်၊ မြို၊ သက္ကမ၊ သက်၊ မရမာကြီး စသည့် လူမျိုးစုအသီးသီး မှီတင်းနေထိုင် ကြပြီး လက်ရှိတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပျိုးရေးနှင့် ဘာသာရေး နှီးနှောဖလှယ်ပွဲများအပါအဝင် လူမှုသဟ ဇာတဖြစ်ရေး လုပ်ငန်းများကို ဆက်လက် ပြုလုပ်လျက်ရှိသည်။

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...