ညောင်ရွှေ၌ ဟိုတယ်နှင့် တည်းခိုခန်းများအတွင်းထိ စစ်အုပ်စုတပ် ပေါ်တာဆွဲ ဖမ်းဆီးနေ

ညောင်ရွှေ၌ ဟိုတယ်နှင့် တည်းခိုခန်းများအတွင်းထိ စစ်အုပ်စုတပ် ပေါ်တာဆွဲ ဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းများသို့ လာရောက်တည်းခိုသူများကို လိုက်လံပေါ်တာဆွဲ ဖမ်းဆီးနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်အတွင်း ညောင်ရွှေမြို့သို့ ရောက်ရှိလာသည့် ဧည့်သည် အမျိုးသားနှစ်ဦးကို စစ်အုပ်စုတပ်နှင့် အုပ်ချုပ်ရေးမှူးတို့က နံနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွား ကြောင်း ဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတစ်ဦးက သျှမ်း သံတော်ဆင့်သို့ ပြောဆိုသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်ခံရသူ အမျိုးသားနှစ်ဦးသည် အသက် ၃၀ ဝန်းကျင်အရွယ်ရှိပြီး ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်သူများ ဖြစ်သည်။

“ညဘက်ကြီး အဲဒီဟိုတယ်ကို စစ်သားတွေ ဝင်ဆွဲတာ ဟိုတယ် နာမည်တော့ မပြောတော့ဘူး။ အဆင်မပြေလို့ အဓိကတော့ အုပ်ချုပ်ရေးမှူးနဲ့ ပေါင်းလုပ်ကြတာ။ စစ်မှုထမ်းဖို့ လူလိုတယ်ဆိုရင် ပိုက်ဆံမယူဘူး လူပဲလိုတာ ဆိုပြီး ဝင်ဝင်ဖမ်းတာ” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် အမျိုးသားနှစ်ဦးကို ရပ်စောက်မြို့နယ်ရှိ ဗထူး စစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက် ကြောင်း ဆိုသည်။

ဆက်လက်ပြီး စစ်အုပ်စုတပ်က ညောင်ရွှေမြို့နယ်အတွင်း ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ကာ မူးယစ်ဆေး ဝါးနှင့် စလော့ဂိမ်းများကို ဖမ်းဆီးနေကြောင်း ဒေသခံများက ပြောသည်။

ညောင်ရွှေဒေသခံ အမျိုးသမီးတစ်ဦးက “လမ်းမှာ တစ်ခါတလေ သူတို့စစ်တယ် ဖုန်းထဲက တယ်လီဂရမ်တွေပါ ဖွင့်စစ်တယ်။ ဆိုင်ကယ်တူးဘောက်တွေ စလော့ဂိမ်း ပါ မပါ စစ်တယ်။ စစ်လို့ မိရင် ဖမ်းတယ် ပိုက်ဆံနဲ့ ပြန် ရွေး ခိုင်းတယ်။ အသိထဲက တစ်ယောက်ဆို စလော့ဂိမ်းကြောင့် ဖမ်းပြီး စစ်မှုထမ်း ပို့ခံလိုက်ရတယ်” ဟု ပြော သည်။

စစ်အုပ်စုတပ် ပြဋ္ဌာန်းထားသည့် စစ်မှုထမ်းဥပဒေသည် ပြည်သူများကို ငွေကြေးဖြင့် လဲလှယ်ကာ ငွေကြေး အတင်းအဓမ္မ တောင်းခံမှု၊ ပြန်ပေးဆွဲမှုတို့နှင့် တူညီလာကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဇူလိုင်လ တတိယပတ်တွင်လည်း ညောင်ရွှေမြို့သို့ သွားရောက်လည်ပတ်သည့် အမျိုးသမီးတစ်ဦးကို စစ်အုပ်စုတပ်မှ ဖမ်းဆီးခဲ့ပြီးနောက် ငွေကျပ် သိန်း ၃၀ ဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - ညောင်ရွှေမြို့နယ်အတွင်း စစ်အုပ်စုတပ်က စစ်ဆေးရေးဂိတ်ပြုလုပ်၍ စစ်ဆေးနေစဉ် / Crd

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...