ဩစတေးလျတွင် ၃၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုများ ပြုလုပ်မည်

ဩစတေးလျတွင် ၃၈ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုများ ပြုလုပ်မည်

(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် လှုပ်ရှားမှု အစီအစဉ် ၃ ခုကို ကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံသားများ လာရောက်ပါဝင်ကြရန် စီစဉ်သူများက တိုက်တွန်းထားကြသည်။

လာမည့် ဩဂုတ်လ ၈ ရက် (စနေနေ့) တွင် ထီးသပိတ်နှင့် ရှစ်လေးလုံးအရေးတော်ပုံအတွင်း အသက်ပေး လှူသွားခဲ့ကြသည့် ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူအားလုံးအတွက် ဆွမ်းကပ်လှူပူဇော်ကာ အမျှပေးဝေ သည့် အခမ်းအနားကို နိုဝင်ဘုန်းကြီးကျောင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။

ထို့နောက် ဩဂုတ်လ ၉ ရက်နေ့တွင်လည်း ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို Werribee မြို့တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်သည်။

ဩစတေးလျနိုင်ငံရောက် မြန်မာနိုင်ငံသား နိုင်ငံရေးလှုပ်ရှားသူတစ်ဦးက “ကျမတို့ရဲ့ တော်လှန်ပြည်သူ၊ ပြည် သား၊ ညီအစ်ကိုမောင်နှမများ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး။ သွေးအေးလို့မရဘူး။ ပုလ္လင်ပေါ်က ဒီစစ်ခွေး မိစ္ဆာကို ကန်ချကြပါ။ လာမယ့် စနေနေ့မှာ ကျင်းပမယ့် ထီးသပိတ်ပွဲမှာ အင်တိုက်အားတိုက် လာရောက် ပါဝင် ကြဖို့ ကျမ လေးလေးနက်နက် တိုက်တွန်းနိုးဆော်ပါတယ်” ဟု ပြောသည်။

အဆိုပါ လှုပ်ရှားမှုပြုလုပ်ရခြင်း၏ ပထမရည်ရွယ်ချက်မှာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ မှသည် ၂၀၂၁ နွေဦးတော်လှန်ရေးအထိ မြန်မာပြည်သူများ၏ လွတ်လပ်မှု၊ ဒီမိုကရေစီနှင့် တရားမျှတမှုတို့ အတွက် ရုန်းကန်မှုများကို အမှတ်ရ ဂုဏ်ပြုရန်ဖြစ်ကြောင်း ဆိုသည်။

ဒုတိယရည်ရွယ်ချက်မှာ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်နိုင်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်း ထံမှ ပိုမိုထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရန် တောင်းဆိုရန်ဖြစ်သည်။

တတိယ ရည်ရွယ်ချက်မှာမူ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ချက် ချင်း ရပ်တန့်ရေးနှင့် ဒီမိုကရေစီ၊ တရားမျှတမှု၊ ဖက်ဒရယ်အနာဂတ် ပြန်လည်တည်ဆောက်နိုင်ရေး အတွက် ကမ္ဘာ့အသိုက်အဝန်းက ဆက်လက်အာရုံစိုက် ပံ့ပိုးကူညီကြရန် အသံထုတ်တောင်းဆိုရန် ဖြစ်သည်။

ထို့ကြောင့် မဲလ်ဘုန်းမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ မြန်မာမိသားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်ကို ချစ်မြတ်နိုးသူများအားလုံး လာရောက်ပူးပေါင်းကြပါရန် စီစဉ်သူများက ဖိတ်ခေါ်ထားသည်။

Most read this week

ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်အုပ်စု၏ စစ်သင်္ဘော။ / Credit
September 15, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘော အများစုကို...
September 14, 2026
ကချင်ပြည်၊ ဗန်းမော်မြို့သို့ ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိထားသော...
စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...