မောင်တောကို စစ်တပ် ဗုံးကြဲ

မောင်တောကို စစ်တပ် ဗုံးကြဲ
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG
မောင်တော ၃ မိုင် လမ်းဆုံကို ၂၀၂၅ ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - DMG

အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မောင်တောမြို့နှင့် အနီးတဝိုက်ကို ဇွန် ၁ ရက် ညဉ့် ၁၀ နာရီကျော်တွင် အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်၊ Y12 တို့ဖြင့် အုပ်စုလိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မောင်တော မြို့ဝင် မုခ်ဦး၊ ၃ မိုင်၊ နခခ ၅ စသည့် နေရာအနီးဝန်းကျင်တွင် ဗုံးအလုံးရေ ၁၀ ကျော် ကြဲချခဲ့ခြင်းဖြစ်သည်။

“ ပထမ ဂျက်ဖိုက်တာ ၂ စီးနဲ့ ကြဲတာ မြို့ဝင်မုခ်ဦးအနားမှာ ကျတယ်လို့ သိရတယ်။ နောက်ပြီးတော့ အနီးပတ်ဝန်း ၃ မိုင်အနီးဝန်းကျင် ကားလမ်းမထက်က နေရာတွေနဲ့ နခခ အနီးမှာ ကျတယ်လို့ သိထားတယ်ဗျာ။ Y12 လည်း ပါသေးတယ်။ ကျနော်ထင်တာက ဗုံးအလုံးရေ ၁၀ ကျော်အထိ ကျတာကို ကြားလိုက်တယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

လေကြောင်း တိုက်ခိုက်မှု အခြေအနေအသေး စိတ်အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အထိအခိုက်ပျက်စီးမှုနှင့် နောက်ဆက်တွဲကိုလည်း DMG က ဆက်လက်တင်ဆက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန် ၂၄ ရက်ကလည်း မောင်တောမြို့ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်ဖွံ့ဖြိုးရေးကျောင်းဟောင်း အနီးအနားကို လေကြောင်းတိုက်ခိုက်ခဲ့၍ အမျိုးသမီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

“ အခုရက်ပိုင်း မောင်တောကို စစ်တပ်က ဗုံးကြဲမှုတွေ ဆက်တိုက်ရှိနေတယ်။ ဒါကြောင့် ဒေသခံတွေဟာလည်း အရမ်းစိုးရိမ်ထိတ်လန့်နေကြတယ်။ တချို့ဆိုရင် ဆွေမျိုးရှိရာ ကျေးရွာတွေကို တိမ်းရှောင်နေကြတာတောင် ရှိတယ်။ မောင်တောဟာ နယ်စပ်ကုန်သွယ်ရေး ပြန်စနေပြီဖြစ်လို့ မြို့ခံတွေကို ကြောက်ရွံ့အောင်လုပ်နေတာလို့ မြင်တယ် ” ဟု နောက်ထပ်မောင်တောဒေသခံ တစ်ဦးက ပြောသည်။

အာရက္ခတပ်တော်သည် မောင်တောမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်ကို ထိန်းချုပ်နိုင်ခဲ့သည်။

အလားတူ ဇွန် ၁ ရက်ကလည်း ဘူးသီးတောင်မြို့နယ် ကြက်မောက်တောင် မွတ်ဆလင်ကျေးရွာကို ဂျက်တိုက်လေယာဉ် Y-12 တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၂ ဦးအပါအဝင် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၀ နီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ဘင်္ဂလားဒေ့ရှ် နယ်ဒေသဖြစ်သော ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များကို ယခုရက်ပိုင်းအတွင်း နေ့စဉ်လေကြောင်းကနေ ဗုံးကြဲမှုများ လုပ်နေသည်။

July 3, 2026
လက်ရှိ ရခိုင်ပြည် ဈေးကွက်အတွင်း ကောက်ညှင်းစပါးဈေးနှုန်းများ အလွန်နည်းပါးနေပြီး ဝယ်ယူသူမရှိသဖြင့်...
ကျောက်တော်မြို့နယ်မှ လယ်ယာမြေများကို ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ - DMG
July 1, 2026
ရခိုင်ပြည်အတွင်း လယ်ယာမြေပိုင်ဆိုင်သူများအနေဖြင့် လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ...
ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...