ကချင်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အယောက် ၆,၀၀၀ ကျော်ရှိ

ကချင်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်သူ အယောက် ၆,၀၀၀ ကျော်ရှိ

ကချင်ပြည်နယ်မှာ စစ်အုပ်စုလုပ်တဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်သူဟာ အယောက် ၆,၀၀၀ ကျော်ရှိတယ်လို့ အောင်စာရင်းအချက်အလက်တွေအရ သိရပါတယ်။

ဖြေဆိုသူ ၁၁,၆၃၄ ယောက်မှာ အောင်မြင်သူ ၆,၃၃၀ ရှိတာကြောင့် အောင်ချက်ဟာ ၅၄ ဒသမ ၄၁ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်က စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသူ အယောက် ၂၀၀ မှာ အောင်မြင်သူ ၇၃ ယောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့တော့ တက္ကသိုလ်ဝန်းအောင်ချက်ရာခိုင်နှုန်းဟာ ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲကတော့ အောင်ချက် ၄၉ ဒသမ ၇၀ ရာခိုင်နှုန်း ရှိပါတယ်။

စုစုပေါင်း တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းဖြေဆိုသူကတော့ ၂၅,၅၂၂၈ ယောက်ရှိခဲ့ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူကတော့ ၃,၃၆၄ ယောက်ရှိခဲ့တာပါ။

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ တက္ကသိုလ်ဝင်တန်း အများဆုံးအောင်ချက်ရာခိုင်နှုန်းကတော့ နိုင်ငံခြားကနေ ဖြေဆိုတဲ့သူတွေက ၈၇ ဒသမ ၅၀ ရာခိုင်နှုန်းနဲ ပြည်တွင်းမှာဆိုရင်တော့ မန္တလေးတိုင်းက ၆၂ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့အချိန် ဒေသတချို့မှာ တိုက်ပွဲတွေဖြစ်ပွားတာနဲ့ လမ်းပန်းဆက်သွယ်ရေးကြောင့် ကျောင်းသားတွေနဲ့ မိဘတွေကြား အခက်အခဲတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...