ရဟန်းဝတ်ဖြင့် ဆွမ်းခံနေသည့် ပုံသည် ဗိုလ်ချုပ်အောင်ဆန်းပုံမဟုတ်ပါ

ရဟန်းဝတ်ဖြင့် ဆွမ်းခံနေသည့် ပုံသည် ဗိုလ်ချုပ်အောင်ဆန်းပုံမဟုတ်ပါ

ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က မိခင်ဒေါ်စုကနေ ဆွမ်းလောင်းနေတဲ့ ပုံဆိုတဲ့ ပုံတပုံ ဖေ့ဘုတ်မှာ ပျံ့နှံ့နေပါတယ်။

“ဒီပုံကို အမေေစုကို လွမ်းနေကြသူများ” ဆိုတဲ့ ဖေ့ဘုတ်ဂရု တခုမှာ ဇွန်လ ၁၈ ရက်နေ့မှာ ပျံ့နှံ့နေတာပါ။ ပုံထဲမှာတော့ ရဟန်းတပါးကို ဆွမ်းလောင်းနေတဲ့အမျိုးသမီးတဦးပုံ ပါဝင်ပြီး “ဗိုလ်ချုပ် ရဟန်းဝတ်စဉ်က မိခင်ဒေါ်စု ဆွမ်းလောင်းနေပုံ photo#နတ်မောက်သားများစုစည်းရာ” လို့ရေးသားထားပါတယ်။

မဇ္ဈိမက ဒီအကြောင်းနဲ့ ပတ်သက်ပြီး အချက်အလက် စိစစ်ရာမှာ ဒီပုံထဲက ရဟန်းဟာ ဗိုလ်ချုပ်အောင်ဆန်းမဟုတ်ကြောင်း တွေ့ရပါတယ်။

ပုံတွေရဲ့ ဇစ်မြစ်ကို ရှာဖွေတဲ့ Google Image Search နဲ့ ရှာဖွေရာမှာ ဒီပုံကို ရိုက်ကူးသူဟာ အဲဘတ်ဟာဒီ (Albert Hardy) ဖြစ်ကြောင်းတွေ့ရပါတယ်။

ဒီပုံကို Getty Images ကနေ ဖော်ပြထားပြီး ပုံအညွှန်းမှာတော့ ၁၉၅၀ ခုနှစ်က ရိုက်ကူးထားတယ်လို့ ဖော်ပြပါတယ်။ ဘုန်းကြီးတပါးကို ဒေသခံ အမျိုးသမီး တဦးက ဆွမ်းလောင်းနေတဲ့ ပုံလို့ပဲ ဖော်ပြထားပြီး ပုံထဲက ပုဂ္ဂိုလ်တွေအကြောင်း ထည့်သွင်းရေးသားထားတာ မတွေ့ရပါဘူး။

ဓါတ်ပုံ ဆရာရဲ့ အကြောင်းကို ရှာဖွေရာမှာလည်း သူဟာ ၁၉၄၈ ခုနှစ်ဝန်းကျင်မှာ မြန်မာနိုင်ငံရောက်နေတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ လင် - https://shorturl.at/Yabia

နောက်ထပ်ပိုတိကျတဲ့ အချက်တခုကတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ “မျက်ရည်သွန်လို့ ဘဝင်ညိုး ဇူလိုင် တဆယ့်ကိုး” ဆိုတဲ့အတိုင်း ဒီပုံမရိုက်ခင် ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ ကျဆုံးခဲ့တာပါ။

ဒါကြောင့် ဒီပုံဟာ ဗိုလ်ချုပ်အောင်ဆန်း ရဟန်းဝတ်စဉ်က ရိုက်ခဲ့တဲ့ ပုံမဟုတ်ဘဲ ဗိုလ်ချုပ် ကျဆုံးပြီး သုံးနှစ် ၁၉၅၀ ခုနှစ်မှ ရိုက်ကူးခဲ့တဲ့ ပုံပဲ ဖြစ်ပါတယ်။

မဇ္ဈိမကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်း စစ်ဆေး‌စေချင်တဲ့ သတင်းတွေရှိခဲ့ရင် မဇ္ဈိမကိုပေးပို့‌လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/AjFbz ဆိုတဲ့လင့်ကို ရိုက်ထည့်ပြီး စစ်ဆေးစေချင်တဲ့ သတင်းအကြောင်းအရာကို လင့်နဲ့တကွ ပေးပို့ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...